ပေါင် ဇူလိုင် ၃၀
မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၃၂၈) ကျောင်းတွင် ဝါဆိုဝါကပ် တော်မူမည့် သံဃာတော်များ စိတ်အေးချမ်းသာစွာ သီတင်းသုံးနေထိုင်နိုင်ရေးအတွက် ဝါဆိုသင်္ကန်းကပ်လှူခြင်းနှင့် ကျောင်းတိုက်များအတွင်း စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများကို မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဇူလိုင်လ (၂၇) ရက်နေ့မှ (၃၁)ရက်နေ့အထိ မြို့နယ် အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများအရောက် သွားရောက်ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ခြင်းကို ဌာနဆိုင်ရာ ဝန်ထမ်းများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးအုပ်ချုပ်ရေးအဖွဲ့များနှင့် ဒေသခံ ပြည်သူများမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး ဘုန်းတော်ကြီးကျောင်းတိုက်များသို့ သွားရောက်ကာ ဝါဆိုသံဃာတော်များအား ဝါဆိုသင်္ကန်း ကပ်လှူခြင်းနှင့် ဘုန်းတော်ကြီးကျောင်းဝင်း အတွင်း/အပြင် သန့်ရှင်းရေး ပြုလုပ်ပေးခြင်း၊ ချုံနွယ်မြက်ပင်များ ရှင်းလင်းခြင်းနှင့် စေတီပုထိုးများ ရောင်တော်ဖွင့်ခြင်း လုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။
မြို့နယ်(ပြန်/ဆက်)