ပဲခူးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းမိသားစုများ၏ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကျင်းပ

ပဲခူး ဇူလိုင် ၃၀ 

ပဲခူးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းမိသားစုများ၏ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ ဥဿာသီရိစာသင် ကျောင်းတိုက်၊ ဝိမလရတနာသီရိဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။     

ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ ပဲခူးတိုင်း ဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးအေးမောင်ကြည်နှင့် ဇနီးဒေါ်နန်းမြင့်သီတာ အမှူးပြုသော ပဲခူးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းမိသားစုများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များက နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင် ပဲခူးမြို့ ဥဿာသီရိစာသင်ကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တသူရိယ ဆရာတော်ထံမှ ငါးပါး သီလခံယူဆောက်တည်ကာ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များက မေတ္တာသုတ်ပရိတ် တရားတော်များ ရွတ်ပွားသရဇ္စျာယ်တော်မူကြ သည်။      

ထို့နောက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ ပဲခူးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန၊ တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူး ဦးအေးမောင်ကြည်နှင့် ဇနီး ဒေါ်နန်းမြင့်သီတာ အမှူးပြုသော ဝန်ထမ်းမိသားစုများက ဥဿာသီရိစာသင်ကျောင်းတိုက်အတွင်း သီတင်းသုံးဝါဆို ဝါကပ်တော်မူကြမည့် ဆရာတော်၊ သံဃာတော်အရှင်သူမြတ်(၂၀၅)ပါးတို့အတွက် နဝကမ္မ အလှူငွေများနှင့် ဝါဆိုသင်္ကန်းများ ဆက်ကပ် လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုအတွက် အနု မောဒနာတရားနာယူ၍ ရေစက်သွန်ချအမျှအတမ်းပေးဝေကြသည်။    

ယင်းနောက် ဗုဒ္ဓသာသနံ စိရံတိဌတုသုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းပြီး တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူးနှင့် ဇနီးတို့က ရွှေမိုး၊ ငွေမိုးများ ရွာသွန်းပေးကြကြောင်း သိရသည်။ ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ ပဲခူးတိုင်းဒေသကြီး အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူး ဦးအေးမောင်ကြည်နှင့် ဇနီးဒေါ်နန်းမြင့်သီတာ အမှူးပြုသော ပဲခူးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုများက ဥဿာသီရိစာသင်ကျောင်းတိုက်အတွင်းရှိ ဆရာတော်၊ သံဃာတော် အရှင်သူမြတ် များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)