ကသာ ဇူလိုင် ၃၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် သန့်ရှင်းသာယာလှပရေးအတွက် အပတ်စဉ် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းကို ဝါဆို ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ယမန်နေ့ နံနက် ၈ နာရီ အချိန်က ဆောင်ရွက်ပေးခဲ့ကြသည်။
ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်နှင့် အဖွဲ့ဝင်များက လာရောက်ကြည့်ရှု အားပေးခဲ့သည်။ ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက စုပေါင်း၍ ဝါဆိုဘုန်းတော်ကြီး ကျောင်းဝင်းအတွင်း သန့်ရှင်းသာယာလှပစေရေးနှင့် ဆရာတော်သံဃာတော်များနှင့် သီလရှင် ဆရာလေးများ သွေးလွန်တုပ်ကွေးရောဂါ ကင်းဝေးစေရေးအတွက် အမှိုက်များ၊ သစ်ပင်ချုံနွယ်များ၊ သစ်ပင်သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းပေးကြသည်။ လူသွားလမ်းများရှိ ပေါင်းမြက်ပင်များအား မြက်ရိပ်စက်များဖြင့် ရှင်းလင်းခြင်း၊ ခြင်ပေါက်ဖွားနိုင်သော ရေမြောင်း များအား ရေစီးရေလာကောင်းမွန်စေရန် ပြုပြင်ဆောင်ရွက်ပေးခြင်း၊ သစ်ပင်သစ်ကိုင်းနှင့် အမှိုက်များအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်ကားများဖြင့် သယ်ယူစွန့်ပစ်ပေး ခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျော်စွာ(ကသာ)