ကသာ ဇူလိုင် ၃၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့၌ (၇၆)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲတို့တွင် ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများအား ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲအချိန်က မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ထူးချွန်ဆုပေးပွဲတွင် ကသာခရိုင်ပညာရေးမှူး ဦးကျော်ဌေးဝင်းက အမှာစကား ပြောကြားပြီး ခရိုင်/မြို့နယ် ပညာရေးမှူးများနှင့် ကျောင်းအုပ်ကြီးများက (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲတို့တွင် ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်းသိရသည်။
ထို့နောက် (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲတွင် ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများနှင့် ခရိုင်/မြို့နယ် ပညာရေးဦးစီးဌာနမှ တာဝန်ရှိသူများက မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။
ကျော်စွာ(ကသာ)