ဟိုင်းကြီးကျွန်း ဇူလိုင် ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၊ သက္ကယ်သောင် ကျေးရွာအုပ်စုတွင် ခွေးများခွေးရူးပြန်ရောဂါ မဖြစ်ပွားစေရန်အတွက် ခွေးရူးပြန်ရောဂါမဖြစ်ပွားစေရန်အတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပြီး ခွေးရူးပြန်ရောဂါကာကွယ်ဆေး ကွင်းဆင်းထိုးနှံခြင်းကို ယနေ့နံနက်(၁၀း၀၀)နာရီအချိန်တွင် သက္ကယ်သောင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဟိုင်းကြီးကျွန်းမြို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ လက်ထောက်ကြီးကြပ်ရေးမှူး ဦးထက်မျိုးဝေမှ ခွေးရူးပြန်ရောဂါ၏ အန္တရာယ်များနှင့်မည်သို့ ကြိုတင်ကာကွယ်ကြရမည့် အချက်များကို ရှင်းလင်းပြောကြားပြီး သက္ကယ်သောင်ကျေးရွာရှိ ခွေးကောင်ရေ(၄၀)အား ခွေးရူးပြန်ရောဂါကာကွယ်ဆေးများ အခမဲ့လိုက်လံထိုးနှံပေးခဲ့ကြောင်း သိရသည်။
လှိုင်မျိုးအောင်
ဟိုင်းကြီးကျွန်း (ပြန်/ဆက်)