ငပုတောမြို့နယ်၌ မိုးစပါးတစ်ဧက (၁၀)တင်းနှုန်း တိုးထွက်ဆောင်ရွက်မည့် တောင်သူများအား ယူရီးယား ဓာတ်မြေသြဇာ ထောက်ပံ့ပေးအပ်

ငပုတော ဇူလိုင် ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် မိုးစပါးတစ်ဧက (၁၀)တင်းနှုန်း တိုးထွက်စေရေး ဆောင်ရွက်မည့် တောင်သူများအား ယူရီးယား ဓာတ်မြေသြဇာ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည်။

ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက အဖွင့်မှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိဦးထွန်းမျိုးသန့်က သွင်းအားစုများကို အချိုးကျစနစ်တကျ သုံးစွဲနည်းတက်စေရေးနှင့် အထွက်နှုန်း ကောင်းမွန်စေရေး အလေးထားဆောင်ရွက်ရန် ရှင်းလင်းပြောကြားကာ  သွင်းအားစုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက တောင်သူများအား ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မှတာဝန်ရှိသူများ၊ တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်သူ(ပြန်/ဆက်)