လပွတ္တာ ဇူလိုင် ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့၌ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်သော လူမှုရေး ပင်စင်ထောက်ပံ့ငွေများအား မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် ယနေ့ နံနက်(၉) နာရီက တာဝန်ရှိသူများမှ အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ငွေများ ပေးအပ်ရာတွင် သက်ဆိုင်ရာ ရပ်ကျေးစာရေးနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများမှ လပွတ္တာမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် အသက်(၈၅)နှစ်နှင့် အထက်ဘိုးဘွား (၈၈၉)အား တစ်ဦးလျှင် (၃၀၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၂၆၆၇၀၀၀၀)ကျပ်အား အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်