မိုင်းလုံမြို့တွင် နယ်မြေခံတပ်ရင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ စုပေါင်း၍ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း

မိုင်းလုံ    ဇူလိုင် ၃၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ နယ်မြေခံတပ်ရင်းမှ ဗိုလ်ကြီးကျော်ဇော ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများစုပေါင်း၍ မိုင်းလုံမြို့အတွင်းရှိ ဘုန်းကြီး‌ ကျောင်းများတွင် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့က ‌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နယ်မြေခံတပ်ရင်းမှ ဗိုလ်ကြီးကျော်ဇော ဦးဆောင်မှုဖြင့် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများပူးပေါင်း၍ ဘုန်းတော်ကြီးကျောင်းများက ဆရာတော်များထံမှ ငါးပါးသီလခံယူ ဆောက်တည်ကာ ဆရာတော် သံဃာတော်များက ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်၍  ဝါဆိုဝါကပ်ကြမည့် ဝါဆိုသံဃာများအား သင်္ကန်း၊ ထီး၊ ဖိနပ်နှင့် လှူဖွယ် ပစ္စည်းများကို  ရေစက်သွန်းအမျှဝေကာလှူဒါန်းခဲ့ကြကြောင်း သိရသည်။

မိုင်းလုံမြို့အတွင်းရှိ မြို့မကျောင်းတိုက် ဆုတောင်းပြည့်ဘုရားကျောင်း၊ ခန္တီဘုန်းကြီးကျောင်း၊ နမ့်ပိန်ဘုန်းကြီးကျောင်း၊ ရွှေရင်ပွင့်ဘုန်းကြီးကျောင်းနှင့် ရသေ့တောင်တို့တွင် သီတင်းသုံး နေထိုင်ကြသော ရဟန်း၊ သံဃာ၊ သာမဏေများ စိတ်အေးချမ်းစွာသီတင်းသုံးနေထိုင်နိုင်ရန်  ဝါဆိုသင်္ကန်းများနှင့်လှူဖွယ်ပစ္စည်းများကို ဆက်လက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဇော်ဇော်(ပြန်/ဆက်)