လှိုင်းဘွဲမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းမှုကြောင့် ရေမြုပ်တံတား (၂) စင်း ရေကျော်မှုကြောင့် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာမှု ယာယီရပ်တန့်

လှိုင်းဘွဲ ဇူလိုင် ၃၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျ ချောင်းရေများ စီးဆင်းလာမှုကြောင့် လှိုင်းဘွဲ့မြို့နယ်၊ ကြာအင်းကျေးရွာရှိ ရေမြုပ်တံတားနှင့် ပိုင်ကျုံမြို့ အမှတ် (၁) ရပ်ကွက်နှင့် မိုးနိုင်းကျေးရွာသို့ ဆက်သွယ်ထားသော ရေမြုပ်တံတားတို့ကို ဇူလိုင်လ (၂၉) ရက်နေ့ နံနက်ပိုင်းက စတင်ကာ လူ၊ တိရစ္ဆာန်၊ မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များ ဖြတ်သန်းသွားလာ၍ မရတော့ကြောင်း သိရသည်။

အဆိုပါတံတား ရေနစ်မြုပ်သည့်နေရာများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်း၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းထွန်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုခဲ့ကာ ကြာအင်းကျေးရွာရှိ အရှည် (၁၀၈) ပေ၊ အကျယ် (၁၄) ပေ၊ သံကူကွန်ကရစ် ရေမြုပ်တံတားပေါ်သို့ တောင်ကျချောင်းရေ (၄) ပေခန့်နှင့် ပိုင်ကျုံမြို့အမှတ် (၁) ရပ်ကွက်နှင့် မိုးနိုင်းကျေးရွာအုပ်စုသို့ ဆက်သွယ်ထားသော အရှည် (၅၃၀) ပေ၊ အကျယ် (၁၄) ပေရှိ သံကူကွန်ကရစ် ရေမြုပ်တံတားပေါ်သို့ (၆) ပေခန့် ရေလွှမ်းမိုးခဲ့ပြီး အဆိုပါ ရေလွှမ်းမိုးမှုကြောင့် ကျေးရွ ာအုပ်ချုပ်ရေးမှူးများအနေဖြင့် ကြီးကြပ်၍ ဒေသခံပြည်သူမျာ းသွားလာရာ၌ အသက်အန္တရာယ်ကင်းရှင်းအောင် ကူညီဆောင်ရွက်ပေးကြရန်နှင့် ကမ်းကူးနေကြသည့် စက်တပ်လှေများနှင့် ဝါးဖောင်များ ဂရုစိုက်ပြီး ကူးသန်းသွားလာကြရန် မှာကြားခဲ့ကြောင်း သိရှိရသည်။

လင်းသန့်