တောင်ကြီး ဇန်နဝါရီ ၂၅
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း (၃)ကို ယနေ့ဇန်နဝါရီလ ၂၅ ရက်နေ့နံနက် ၆ နာရီမှ စတင်ကျင်းပလျက်ရှိရာ ရှမ်းပြည် နယ်အတွင်း ရွေးကောက်ပွဲအပိုင်း (၃)တွင်ပါဝင်သည့် ညောင်ရွှေမြို့နယ် အပါအဝင်မြို့နယ် (၉)မြို့နယ်ရှိ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်ကျေးရွာအုပ်စုများရှိ မဲရုံများတွင်လွတ်လပ်စွာ၊ အေးချမ်းစွာ စည်းကမ်းစနစ်ကျစွာဖြင့် ဆန္ဒမဲပေးလျက်ရှိကြောင်းသိရသည်။
မင်းသန့် (ပြန်/ဆက်)