ဖယ်ခုံမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃)တွင် မဲဆန္ဒရှင်ပြည်သူများ အေးချမ်းစွာဆန္ဒမဲပေး

ဖယ်ခုံ    ဇန်နဝါရီ       ၂၅                        

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ဖယ်ခုံမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃)ကိုကျင်းပရာ  မြို့နယ်အတွင်းရှိရပ်ကွက်/ကျေးရွာအုပ်စု မဲရုံအသီးသီး၌ ဇန်နဝါရီ ၂၅ ရက် နံနက် (၆)နာရီမှစ၍  အေးချမ်းစွာဆန္ဒမဲပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ဆန္ဒမဲပေးကြရာတွင်ပြည်သူများအနေဖြင့် မိမိနှင့်သက်ဆိုင်သောရပ်ကွက်၊ ကျေးရွာအုပ်စုမဲရုံအသီးသီး၌ စည်းကမ်းစနစ်ကျစွာတန်းစီ၍ MEVM မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် မဲဆန္ဒပေးလျက်ရှိသည်။

မြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက် ၇ ခုနှင့် ကျေးရွာအုပ်စု ၂ အုပ် စုတို့တွင် မဲရုံ စုစုပေါင်း ၁၂ ရုံ ဖွင့်လှစ်ထားရှိပြီး စုစုပေါင်းမဲဆန္ဒရှင်ပြည်သူ ၄၆၃၅ ဦးရှိကြောင်းနှင့်သက်ဆိုင်ရာမဲရုံများအလိုက် မဲဆန္ဒရှင်ပြည်သူများကလွတ်လပ်ပျော်ရွှင်စွာဖြင့်ဆန္ဒမဲပေးခဲ့ကြောင်းသိရသည်။

မြို့နယ်၊ပြန်/ဆက်