၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင် ပါရှိသည့် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးလျက်ရှိ

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွရွေးကောက်ပွဲ အပိုင်း (၃) တွင် ပါရှိသည့် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် ယနေ့နံနက် ၆ နာရီမှစတင်ကာ ပြည်သူများ လာရောက်ဆန္ဒမဲပေးကြကြောင်း သိရသည်။

‎ပင်းတယမြို့နယ်၌ “သီးနှံအခြေခံယို၊ ဖျော်ရည်အမျိုးမျိုးနှင့်သီးနှံခြောက်တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း” ဖွင့်လှစ်သင်ကြားပေးလျက်ရှိ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ရေဖြူကျေးရွာတွင် ယမန်နေ့နံနက်ပိုင်းက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒေသနေပြည်သူများတစ်ပိုင်တစ်နိုင်မိသားစုဝင်ငွေတိုးရေးအတွက် “သီးနှံအခြေခံယို၊ ဖျော်ရည်အမျိုးမျိုးနှင့် သီးနှံခြောက်တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း” အမှတ်(၁/၂၀၂၅-၂၀၂၆) ကို ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်- ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင် ပါဝင်ဆန္ဒမဲပေးနေကြသည့် မဲဆန္ဒရှင်ပြည်သူများအား လိုက်လံကြည့်ရှု

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်- ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင် ပါဝင်ဆန္ဒမဲပေးနေကြသည့် မဲဆန္ဒရှင်ပြည်သူများအား မဲရုံများအလိုက် လိုက်လံကြည့်ရှုအားပေး (မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပုသိမ်ကြီးမြို့နယ်)

မိတ္ထီလာမြို့ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၌ အငယ်တန်းအင်ဂျင်နီယာ-၃ အချက်ပြ ဆက်သွယ်ရေး(မွမ်းမံ)သင်တန်းဆင်းပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်း၌ အငယ်တန်းအင်ဂျင်နီယာ-၃ အချက်ပြဆက်သွယ်ရေး(မွမ်းမံ) သင်တန်း အမှတ်စဉ်(၃/၂၀၂၆) ဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခွဲက အဆိုပါကျောင်း အောင်ဆန်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရွှေကူမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၃) တွင် ပြည်သူများ ဆန္ဒမဲပေး

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို ဇန်နဝါရီလ ၂၅ ရက် နံနက် ၆ နာရီက စတင်၍ မြို့နယ်အတွင်းရှိ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာများအတွင်းရှိ သက်ဆိုင်ရာမဲရုံများအလိုက် မဲဆန္ဒရှင်ပြည်သူများက မိမိကြိုက်နှစ်သက်ရာ ကိုယ်စားလှယ်လောင်းများအား ဆန္ဒမဲပေးလျက်ရှိသည်။

ကလေးဝမြို့တွင် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဘော်လီဘော ပြိုင်ပွဲပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဘော်လီဘောပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက ပြည်သူ့အားကစားကွင်းရှိ မိုးလုံလေလုံ အားကစားရုံး၌ ပြုလုပ်ခဲ့သည်။

ထီးလိုမင်းလိုဘုရားကြီး (၁၉) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့ဟောင်းရှိ ထီးလိုမင်းလိုဘုရားကြီး၏ (၁၉)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ဇန်နဝါရီ ၂၅ ရက် နံနက် ၈ နာရီအချိန် ပင့်သံဃာ (၄၀) ပါးတို့အား ဆွမ်းသပိတ်လောင်းလှူခြင်းများဖြင့် ဗုဒ္ဓပူဇနိယပွဲတော်အား ကျင်းပခဲ့ကြောင်း သိရသည်။

မြို့သစ်မြို့နယ်၊ နွားလှကျေးရွာ ကောဝိဒါရာမကျောင်းတော်သို့ နယ်လှည့်ဆေးကုသမှုဆောင်ရွက်ရာသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်တက်ရောက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်းပြည်သူများ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို လက်လှမ်းမီရရှိစေရေးနှင့် ပြည်သူများစိုက်ထုတ် ကုန်ကျရသော ဆေးကုသမှုစရိတ် လျော့နည်းကျဆင်းစေရန်အတွက် မကွေးသင်ကြား​ရေးဆေးရုံကြီးမှ အထူးကု ဆရာဝန်ကြီးများပါဝင်သော အခမဲ့ နယ်လှည့်ဆေးကုသရေးအဖွဲ့သည် မြို့သစ်မြို့နယ်၊ နွားလှကျေးရွာ၊ ကောဝိဒါရာမ ကျောင်းတော်သို့ယမန်နေ့နံနက်ပိုင်းက ရောက်ရှိ၍အခမဲ့ ကွင်းဆင်းဆေးကုသမှုဆောင်ရွက်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်အဖွဲ့ တက်ရောက်အားပေးသည်။

စာအုပ်မိတ်ဆက်ပွဲနှင့် စာပေရင်ခွင်သို့ စာပေတိုက်အသစ်မိတ်ဆက်အပ်နှံခြင်း The Lantern House ၌ ပြုလုပ်

စာရေးဆရာမ သူဇာနွယ်(ဖျာပုံ) ပထမဦးဆုံးရေးသားသည့် “ကျွန်မဘဝက ကျွန်မစာ” စိတ်ခွန်အားပေးစာစုများ စာအုပ်မိတ်ဆက်ပွဲနှင့် ခေတ်မျက်ဝန်းစာပေ၏ စာပေတိုက်အသစ် စာပေရင်ခွင်သို့ မိတ်ဆက်အပ်နှံခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ ဝန်ကြီးများရုံးရှိ The lantern House ၌ ကျင်းပပြုလုပ်ရာ စာပေလောကသားများ တက်ရောက်ခဲ့သည်။

ကျောက်မဲမြို့တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာလာ‌ရောက်ဆန္ဒမဲပေး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို ဇန်နဝါရီ (၂၅) ရက်နေ့တွင် နိုင်ငံအတွင်း ကျင်းပလျက်ရှိရာ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား မဲရုံအသီးသီး၌ ယနေ့နံနက် (၆) နာရီက စတင်ကျင်းပခဲ့သည်။
Subscribe to