ကော့ကရိတ်မြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) တွင် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေး

ကော့ကရိတ် ဇန်နဝါရီ ၂၅

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) အတွက် ဆန္ဒမဲပေးခြင်းကို ယနေ့၊ နံနက် (၆) နာရီအချိန်မှ စတင်ကျင်းပလျက်ရှိရာ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်နှင့် ကျုံဒိုးမြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာတို့၌ ဖွင့်လှစ်ထားသော မဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် သက်ဆိုင်ရာမြို့နယ် ရပ်ကွက်ကျေးရွာများတွင် လွတ်လပ်စွာတန်းစီ၍ ဆန္ဒမဲလာရောက်ပေးလျက်ရှိကြောင်း သိရသည်။

မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မိမိတို့သက်ဆိုင်ရာမဲရုံများသို့ လာရောက်၍ ဆန္ဒမဲများပေးကြရာတွင် မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက စနစ်တကျဖြစ်အောင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိပြီး ကော့ကရိတ်မြို့နယ်တွင် ရပ်ကွက်၊ကျေးရွာမဲရုံပေါင်း (၂၅) ရုံ မဲပေးနိုင်မည့် မဲဆန္ဒရှင်ပြည်သူစုစုပေါင်း (၃၈၀၃၈) ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

ခရိုင် (ပြန်/ဆက်)