ကြာအင်းဆိပ်ကြီး ဇန်နဝါရီ ၂၅
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၃)အတွက်ဆန္ဒမဲပေးခြင်းကို ယနေ့နံနက်(၆)နာရီ မဲရုံဖွင့်လှစ်မှစတင်ကာ မြို့ပေါ်ရပ်ကွက်မဲရုံများ၊ တပ်နယ်မဲရုံများ၊ ကျေးရွာမဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများ အေးချမ်းစွာ ဆန္ဒမဲပေးလျက်ရှိသည်။
ထိုသို့မဲဆန္ဒရှင်ပြည်သူများ မိမိတို့သက်ဆိုင်ရာမဲရုံများသို့လာရောက်၍ ဆန္ဒမဲပေးကြရာတွင် မဲရုံမှူးနှင့်မဲရုံအဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီ ကိုယ်စားလှယ်များနှင့်တာဝန်ရှိသူများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိပြီး ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ရပ်ကွက်၊တပ်နယ်၊ကျေးရွာများ၌ မဲရုံ(၁၂)ရုံဖွင့်လှစ်ထားကာ မဲပေးနိုင်မည့်မဲဆန္ဒရှင်ပြည်သူစုစုပေါင်း(၁၁၂၄၁)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။