မန်တုံမြို့နယ် နယ်ရုံး မြေစိုက်နံရံကပ်ပြဘုတ်တွင် (၇၅) နှစ်မြောက် မြန်မာ-ရုရှား သံတမန် ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ် ဓာတ်ပုံများပြသဆောင်ရွက်

မန်တုံ ဖေဖော်ဝါရီ ၁၅

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန်တုံမြို့နယ်ရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်၌ ဖေဖော်ဝါရီ (၁၈) ရက်နေ့တွင် ကျရောက်သော(၇၅) နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှုအထမ်းအမှတ် အသိပညာပေး မြေစိုက်နံရံကပ်စာစောင်ပြသ ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် (၁၁) နာရီ အချိန်က ပြသဆောင်ရွက်ခဲ့ သည်။

အဆိုပါ မြေစိုက်နံရံကပ်စာစောင်တွင် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ်အနေဖြင့် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများ၊ နှစ်နိုင်ငံအကြီးအကဲများ တွေ့ဆုံမှုမှတ်တမ်းဓာတ်ပုံများ စုစုပေါင်းမှတ်တမ်းဓာတ်ပုံ(၂၀) ပုံနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉) ရပ်ပါဝင်ပြီး အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး ပြသဆောင်ရွက်ခဲ့သည်။

မန်တုံ (ပြန်/ဆက်)