အမ်း ဖေဖော်ဝါရီ ၁၄
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Center ခန်းမတွင် စစ်တုရင်အားကစားပြိုင်ပွဲကို ယနေ့ နေ့လယ်(၁၂) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းက စစ်တုရင်အားကစားပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခြင်းကြောင့် လူငယ်များအနေဖြင့် စဉ်းစားတွေးခေါ်နိုင်မှုနှင့် ဉာဏ်ရည်ဉာဏ်သွေးကို တိုးတက်စေခြင်း၊ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်ခြင်းကို အထောက်အကူပြုစေသည့် အားကစားနည်း တစ်မျိုးဖြစ်ပြီး စာကြည့်တိုက်ရှိ စာအုပ်စာပေများနှင့် ရင်းနှီးမှုရှိစေရန် ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် စစ်တုရင်အားကစားပြိုင်ပွဲ ကျင်းပပြုလုပ်ရာ ပြိုင်ပွဲတွင် အလယ်တန်းအဆင့် ကျောင်းသား ၁၀ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြရာ ဆုရရှိသူများအား ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
စိုးမင်းထွန်း (ပြန်/ဆက်)