ပုသိမ်မြို့တွင် အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားပြုလုပ်

ပုသိမ် ဖေဖော်ဝါရီ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်၊ တတိယသုံးလပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ)လများအတွက် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား လူမှု ရေးပင်စင်ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ပုသိမ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံး အစည်းအဝေးခန်းမတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပုသိမ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက သက်ကြီးဘိုးဘွား များအတွက်ထုတ်ပေးသည့် လူမှုရေးပင်စင်ငွေများအား သက်ဆိုင်ရာဘိုးဘွားများလက်ဝယ်သို့ မှန်မှန်ကန်ကန်နှင့် မြန်မြန်ဆန်ဆန်ရောက်ရှိစေရေး အလေးထားဆောင်ရွက် သွားစေလိုကြောင်းမှာကြားခဲ့ပြီး လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်မေဦးက ထောက်ပံငွေပေးအပ်မှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပုသိမ်မြို့နယ်အတွင်းရှိ ဘိုးဘွား(၁၉၂၀) ဦးအတွက်တစ်ဦးလျှင် (၃၀၀၀၀/-) ကျပ်ဖြင့် စုစုပေါင်းငွေကျပ် (၅၇၆၀၀၀၀၀/-) တိတိအား ပုသိမ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးနှင့်တာဝန်ရှိသူများက သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများထံသို့ ထောက်ပံပေးအပ်ခဲ့သည်။

အခမ်းအနားသို့ ပုသိမ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ များ၊ အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

မြင့်ဟန် ( ပြန်/ဆက် )