ပျဉ်းမနားမြို့နယ်၌ ၂၀၂၃-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၄)ခုတွင် ကျောင်းသား၊ ကျောင်းသူ(၁၂၇၅)ဦး ဝင်ရောက်ဖြေဆိုမည်

ပျဉ်းမနား ဖေဖော်ဝါရီ ၁၅

၂၀၂၃-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၈)ရက်နေ့မှ (၁၈)ရက်နေ့အထိ ကျင်းပမည်ဖြစ်ရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၌ ၂၀၂၃-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန(၄)ခုသတ်မှတ်ဆောင်ရွက်ထားရှိပြီး ဝင်ရောက်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ(၁၂၇၅)ဦးရှိကြောင်း သိရသည်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် လျှောက်လွှာ(ဖောင်)များတင်ထားသည့် ကျောင်းသား၊ ကျောင်းသူ(၁၂၇၅)ဦးတို့အား တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်ကတ်များ ထုတ်ပေးသွားမည်ဖြစ်ပြီး သက်ဆိုင်ရာစာစစ်ဌာန(၄)ခုတို့တွင် သတ်မှတ်ကျောင်းသားဦးရေအလိုက်ဖြေဆိုနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မျိုးသီဟ