ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၌ လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှုများ လျှော့ကျစေရေးနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး မြေပြင်ကွင်းဆင်း

ဒဂုံအရှေ့ ဖေဖော်ဝါရီ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၌ ပြည်သူများ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာသုံးစွဲနိုင်ရေး၊ လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး၊ တရားမဝင်ဓာတ်အားသုံးစွဲမှုများ မရှိစေရန်နှင့် လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှုလျော့ကျနိုင်စေရေးတို့အတွက် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်နှင့် စက်မှုဇုန်များတွင် ရန်ကုန်အရှေ့ပိုင်းခရိုင် လျှပ်စစ်မန်နေဂျာ ဦးအေးကျော် ဦးဆောင်သော ခရိုင်စုဖွဲ့ဝန်ထမ်းများ၊ မြို့နယ်မှလျှပ်စစ်မန်နေဂျာနှင့် ဝန်ထမ်းများက မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

ထို့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်အတွင်းရှိ ရပ်ကွက်၊ စက်မှုဇုန်များတွင် လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှု လျော့ကျစေရေး အဆောက်အအုံ့များ၌ တပ်ဆင်အသုံးပြုလျက်ရှိသော စီတီမီတာ၊ ပါဝါမီတာ၊ အိမ်သုံးမီတာများအား မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး ဓာတ်အားလိုင်းနီးကပ်သော သစ်ပင်သစ်၊ ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများကို လစဉ်သတ်မှတ်ရက်များအတိုင်း ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာများနှင့် စက်မှုဇုန်များသို့ စဉ်ဆက်မပြတ် မြေပြင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ သိရသည်။

ဝင်းအိမွန်(ပြန်/ဆက်)