ကိုကိုကျွန်း ဖေဖော်ဝါရီ ၁၉
ကိုကိုးကျွန်းမြို့နယ် သန့်ရှင်းသာယာလှပစေရန်အတွက် စုပေါင်းသန့်ရှင်းရေးကို ယမန်နေ့မနက်(၇)နာရီက ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ပြုလုပ်ရာတွင်၊ စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးခင်မောင်ဝင်းနှင့် ဝန်ထမ်းများ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် နယ်မြေခံတပ်အသီးသီးမှ အရာရှိစစ်သည်များက ဘုရားကုန်းပတ်ဝန်းကျင်ရှိ ခြံနွယ်များအား ရှင်းလင်းခြင်းများ ပြုလုပ်ခဲ့ကြပြီး၊ ရှင်းလင်းပြီးသော အမှိုက်များကို ကားပေါ်သို့ တင်ဆောင်ကာ အမှိုက်ကျင်းသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ လုပ်အားပေး ပြုလုပ်နေရာသို့ ရန်ကုန်တိုင်းစစ်ဌာနချုပ် အမှတ်(၃) စစ်ဗျူဟာမှုး ဗိုလ်မှူးကြီးကျော်ဇင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးဆန်းမင်းနှင့် အဖွဲ့ဝင်များလာရောက်၍ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနိုင်းပေးခဲ့ကြောင်းနှင့် အပတ်စဉ် စနေနေ့တိုင်း သန့်ရှင်းရေးပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)