ကျောက်မဲ ဖေဖော်ဝါရီ ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့သီရိမင်္ဂလာလမ်း ကွန်ကရစ်လမ်းချဲ့ခင်းနိုင်ရေးအတွက် လမ်းဘေးဝဲယာနေအိမ်ရှင်များ၊ စျေးသူ/စျေးသားများနှင့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက် ၁၁ နာရီက ဗဟိုစျေးကြီးရုံးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။
အဆိုပါ သီရိမင်္ဂလာလမ်းတွင် အောင်ဆန်းလမ်းနှင့်ပင်လုံလမ်းအကြားကို ဝဲဘက် ၈ ပေ၊ အောင်ဆန်းလမ်းနှင့်စပ်စံထွန်းလမ်းအကြားကို ဘေးဝဲယာ ၁၆ ပေ ချဲ့ခင်းမည်ဖြစ်ကြောင်း လမ်းခင်းနေသည့်ကာလအတွင်း လမ်းနှင့်မလွတ်ကင်းသည့် စျေးဆိုင်ခန်းများ၊ ကားဂိတ်များ၊ သုံးဘီးဂိတ်များ အခက်အခဲမရှိစေရေး ခေတ္တရွေ့ပြောင်းပေးသွားမည်ဖြစ်ပြီး KBZ ဘဏ်တွင်လည်း ပြည်သူများဘဏ်ကိစ္စမနှောင့်နှေးစေရေး၊ ညနေစျေး စျေးသည်နှင့်စျေးဝယ်များ အဆင်ပြေစေရေး ဆွေးနွေးခဲ့ကြပါကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)