မင်းလှ ဖေဖော်ဝါရီ ၁၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ဖေဖော်ဝါ ရီလ ၁၇ ရက်ညနေပိုင်းတွင် အချိန်အခါမဟုတ်မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စုများမှ လေဘေးသင့်ခဲ့သော ပြည်သူများအားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်၍ တာဝန်ရှိသူမျာက ဖေဖော်ဝါရီ ၁၈ ရက်ကထောက်ပံ့ငွေနှင့်ပစ္စည်းများ သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူး ကျော်မင်းဟန်နှင့်အဖွဲ့ဝင်များ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ကေသီမြင့်နှင့် ဝန်ထမ်းများ၊မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ပရဟိတအဖွဲ့များနှင့် တာဝန်ရှိသူများက ကျေးရွာအုပ်စု(၅)အုပ်စုမှ လေဘေးသင့်ပြိုလဲနေအိမ်(၆)လုံး၊ အမိုလန်နေအိမ် (၁၈)လုံးနှင့် ဘုန်းတော်ကြီး (၁)ကျောင်းတို့အတွက် ကျောင်း/အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေ (၁၃၅၀၀၀၀) ကျပ်၊ အိမ်ထောင်စု (၂၄)စုရှိ လူဦးရေ(၉၅)ဦးတို့အတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုး ထောက်ပံ့ငွေ (၁၉၉၅၀၀) ကျပ်စုစုပေါင်းထောက် ပံ့ငွေ (၁၅၄၉၅၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်းများပါဝင်သည့် ပလပ်စတစ်ပုံး(၆)ပုံးတို့အား ဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ပေါက်စ(မင်းလှ)