ဒေးဒရဲမြို့၌ Grade(5)၊ Grade(9) ကြီးကြပ်ရေးမှူးများအား စာမေးပွဲဆိုင်ရာ လုပ်ငန်းလမ်းညွှန်ချက်များ ရှင်းလင်းပွဲကျင်းပ

ဒေးဒရဲ ဖေဖော်ဝါရီ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၂ရက်နေ့တွင် ကျင်းပမည့် အ​ခြေခံပညာအလယ်တန်းအဆင့် Grade(9)၊ အခြေခံပညာမူလတန်းအဆင့် Grade(5) စာမေးပွဲများတွင် တာဝန်ယူ ဆောင်ရွက်မည့် ကြီးကြပ်ရေးမှူးများအား  စာမေးပွဲဆိုင်ရာလုပ်ငန်းလမ်းညွှန်ချက်များ ရှင်းလင်းပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းရှိ ကရဝိက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဦးလှစိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒုတိယ မြို့နယ်ပညာရေးမှူး ဦးထွန်းမြတ်သူက အခြေခံပညာမူလတန်းအဆင့် Grade(5)၊ အခြေခံပညာ အထက်တန်းအဆင့် Grade(9) ကြီးကြပ်ရေးမှူးများအား စာမေးပွဲဆိုင်ရာ လုပ်ငန်းလမ်းညွှန်ချက်များ၊ ငွေစာရင်းဆိုင်ရာ ကိစ္စရပ်များ ရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက်လာသူများက သိရှိလိုသူများ မေးမြန်းဆွေးနွေးခဲ့ရာ သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ရှင်းလင်းပွဲသို့ ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်များက အခြေခံပညာ အလယ်တန်း Grade(9) ကြီးကြပ်ရေးမှူး (၈၆)ဦး၊ အခြေခံပညာမူလတန်း Grade(5) ကြီးကြပ်ရေးမှူး (၁၉၅)ဦး စုစုပေါင်း(၂၈၁)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အေဇာလင်း