တီးတိန်မြို့၌ (၇၅) နှစ်မြောက်စိန်ရတုချင်းအမျိုးသားနေ့ အခမ်းအနားစည်ကားသိုက်မြိုက်စွာ ပြုလုပ်ကျင်းပ

တီးတိန် ဖေဖော်ဝါရီ ၂၀

ချင်းပြည်နယ်တီးတိန်မြို့၌ (၇၅) နှစ်မြောက် စိန်ရတုချင်းအမျိုးသားနေ့ အခမ်းအနားကို စကောလမ်းရပ်ကွက် ကမ်းဟောက်ခန်းမတွင် ယနေ့နံနက် ၉နာရီကပြုလုပ်ကျင်းပသည်။

ရှေးဦးစွာ ချင်းပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးကိုယ်စားပြု သဘာပတိအဖွဲ့ကနေရာယူပြီး သဘာပတိအဖွဲ့ဥက္ကဋ္ဌက ချင်းအမျိုးသားနေ့ဖြစ်ပေါ်လာပုံအား ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော(၇၅)နှစ်မြောက် စိန်ရတုချင်းအမျိုးသားနေ့ သဝဏ်လွှာအား တီးတိန်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ငြိမ်းချမ်းက ဖတ်ကြားသည်။

ထို့နောက် (၇၅) နှစ်မြောက် စိန်ရတုချင်းအမျိုးသားနေ့ အခမ်းအနားကျင်းပပြုလုပ်ရေးအတွက် အလှူရှင်များနှင့် မြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြေနေရာအလှူရှင်အား တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် ရိုးရာအစားအစာများ၊ ရိုးရာအဝတ်အထည်များ တည်ခင်းရောင်းချခြင်း၊ ရိုးရာအကများဖြင့်ဖျော်ဖြေခြင်း၊ ရိုးရာပုံပြင်‌ပြောခြင်း၊ ရိုးရာစုပေါင်းအကများဖြင့်‌ ပျော်ရွင်စွာကျင်းပကြသည်။

အခမ်းအနားသို့ တီးတိန်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဖြိုးဝင်းသန်းနှင့်အဖွဲ့၊ မြို့မိမြို့ဖများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ အလှူရှင်များ၊ ဖိတ်ကြားထားသောပုဂ္ဂိုလ်များ၊ ဒေသခံပြည်သူများ တက်ရောက်ကြ‌‌ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်