မိုင်းငေါ့နယ်မြေမီးသတ်စခန်းမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မိုင်းငေါ့ ဖေဖော်ဝါရီ  ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်း‌ငေါ့မြို့တွင် ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မီးလောင်မှု၊ မီးလန့်မှုများမဖြစ်ပွားစေရေး၊ မီးဘေးသတိရှိရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို နယ်မြေမီးသတ်စခန်းမှ ယနေ့နံနက်(၁၀)နာရီအချိန်ခန့်က မန်လုံရပ်ကွက်၊ မန်‌ကောင်းရပ်ကွက်များသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများနှင့် မီးဘေးစိုးရိမ်ရသော ဆက်စပ်ပစ္စည်းများအား စစ်ဆေးခြင်းနှင့် ရပ်ကွက်နေပြည်သူများအနေဖြင့်  မီးအသုံးပြုရာတွင် စနစ်တကျအသုံးပြုရန်၊ နေအိမ်များတွင် မီးဘေးကြိုတင် ကာကွယ်နိုင်ရေးအတွက် မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံးများနှင့် မီးသတ်ဆေးဘူးများ အဆင်သင့်ထားရှိရန်၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရန်/ရှောင် ရန်များ၊မီးဘေးအန္တရာယ် ကြုံတွေ့ရပါက သက်ဆိုင်ရာတာဝန်ရှိသူများထံ အချိန်နှင့်တစ်ပြေးညီ သတင်းပေးပို့ဆောင်ရွက်ကြရန် စသည့်အချက်အလက်တို့ကို အသိပေး ရှင်းလင်းဆွေးနွေးခဲ့သည်။

ထိုသို့ကွင်းဆင်းစစ်းဆေးရာတွင် မိုင်းငေါ့နယ်မြေမီးသတ်စခန်းမှ စခန်းတာဝန်ခံ ဒုတိယဦးစီးမှူး ဦးအောင်နိုင်လင်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

မြင့်သွယ်(ပြန်/ဆက်)