ပုဏ္ဏားကျွန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဌာန၌ ကိုဗစ်-၁၉ ကာကွယ်ဆေး ထပ်ဆောင်း (Booster) ဆက်လက်ထိုးနှံ

ပုဏ္ဏားကျွန်း  ဖေဖော်ဝါရီ ၂၀

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ အသက်(၁၈)နှစ်အထက်ရှိ ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေးထပ်ဆောင်း(Booster)များ ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ပုဏ္ဏားကျွန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဌာနတွင် ဒေသခံပြည်သူ(၄၄)ဦး လာရောက်ထိုးနှံခဲ့ကြောင်းသိရသည်။

အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးများထိုးနှံခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္က ဦးမောင်စံဝင်းနှင့်အဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးများ လာရောက်ထိုးနှံသည့် ပြည်သူလူထုများကို ကိုဗစ်-၁၉ကာကွယ် ဆေးထိုးနှံခြင်းမပြုမီ ကိုယ်အပူရှိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းစသည့်  ကျန်းမာရေးစစ်​ဆေးမှုများဆောင်ရွက်ပေးပြီး၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် သတ်မှတ် စည်းကမ်းချက်များနှင့်အညီထိုးနှံပေးခဲ့သည်။

ပုဏ္ဏားကျွန်းမြို့နယ်တွင်ယနေ့အထိ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထပ်ဆောင်း (Booster)ထိုးနှံပြီးစီးသူ(၄၀၈၈၄)ဦးရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီထံမှသိရသည်။

နီထွန်းအောင်(ပြန်/ဆက်)