ညောင်တုန်း ဖေဖော်ဝါရီ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ပြိုင်ပွဲများကို ယနေ့နံနက်၁၀နာရီက ကျင်းပခဲ့သည်။
ထိုသို့ကျင်းပရာတွင် ကျောင်းသား/သူလေးများ ကျောင်းပိတ်ရက်တွင် အသိပညာဗဟုသုတ တိုးပွားစေရန်၊ စာဖတ်သည့်အလေ့အထကောင်းများရရှိစေရန်၊ စာဖတ်ရှိန်မြှင့်တင်ရေး၊ ဉာဏ်ရည်ဖွံ့ဖြိုး တိုးတက်ပြီး စိတ်ဓာတ်ခွန်အား ထက်မြတ်စေရန်၊ အချင်းချင်း ရင်းနှီးချစ်ခင် စည်းလုံးစေရန်နှင့် ကျန်းမာပျော်ရွှင်စေရန်အတွက် စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စကားလုံးဆက်ပြိုင်ပွဲနှင့် အိမ်ဆောက်ပြိုင်ပွဲများ ကျင်းပရာ ကျောင်းသား/သူလေးများက ပျော်ရွှင်စွာ ယှဉ်ပြိုင်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က အမှတ်တရ ဆုလက်ဆောင်များ ပေးခဲ့ကြောင်း သိရသည်။
ထက်ဝေဖြိုး(ပြန်ဆက်)