ပုဗ္ဗသီရိ၌ ကျား၊ မအခြေပြု အကြမ်းဖက်မှု အသိပညာပေးTalk Show ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ ကျား၊ မ အခြေပြု အကြမ်းဖက်မှု အသိပညာပေးTalk Show ကို ယနေ့နံနက် ပိုင်းက ကျင်းပခဲ့သည်။

ပြည်ကြီးတံခွန်မြို့နယ်တွင် ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ပြည်ကြီးတံခွန်မြို့နယ်အတွင်း ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများကို ယမန့်နေ့နံနက်(၇)နာရီအချိန်တွင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ပေါက်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်းစစ်ဆေး

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဌာနဆိုရာရုံးများသို့ ကွင်းဆင်းစစ်ဆေးခြင်းကို  မြို့နယ်မီးသတ်ဦးစီးဌာနမှ  ယနေ့ နံနက် ၁၀ နာရီ အချိန်က ဆောင်ရွက်ခဲ့ကြသည်။

မိုးနဲမြို့နယ်၌ အငြိမ်းစားပင်စင်ငွေများ စတင်ထုတ်ပေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားပင်စင်လစာငွေများကို ယနေ့နံနက် ၈ နာရီခွဲအချိန်က စတင်ထုတ်ပေးလျက်ရှိရာ လာရောက်ထုတ်ယူကြသည့် အငြိမ်းစားပင်စင်စားများမှ ‌‌အေးချမ်းစွာလာရောက်ထုတ်ယူလျက်ရှိ ကြောင်း သိရသည်။

တာချီလိတ်မြို့၌ နွေရာသီအခြေခံအားကစားနည်းသင်တန်းဖွင့်လှစ်နိုင်ရေး မြို့နယ်အားကစား အထောက်အကူပြုကော်မတီမှ ထောက်ပံ့ငွေပေးအပ်

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် အားကစားနည်း (၇) မျိုးဖြင့် မတ်လ (၃) ရက်နေ့တွင် စတင်ဖွင့်လှစ်မည့် နွေရာသီအခြေခံအားကစားသင်တန်းဖွင့်လှစ်နိုင်ရေးအတွက် တာချီလိတ်မြို့နယ် အားကစားအထောက်အကူပြုကော်မတီမှ ယနေ့ နံနက်ပိုင်းက ထောက်ပံ့ငွေများပေးအပ် လှူဒါန်းခဲ့သည်။

ပွင့်ဖြူမြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP)စီမံကိန်းဖြင့် ကျေးရွာ(၁၃)ရွာတွင် ကျေးရွာတွင်းလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း(VDP)စီမံကိန်းရန်ပုံငွေဖြင့် ပွင့်ဖြူမြို့နယ်အတွင်း ကျေးရွာ(၁၃)ရွာ၌ ကျေးလက်နေပြည်သူများ ရာသီမရွေး သွားလာရေး အဆင်ပြေစေရန်အတွက် ကျေးရွာတွင်းလမ်းများ

နေပြည်တော်ကောင်စီဥက္ကဋ္ဌ သီရိပျံချီ ဦးတင်ဦးလွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့တွင် ချီးမြှင့်ခဲ့ပြီးဖြစ်သည့် ဂုဏ်ထူးဆောင်ဘွဲ့များအား အဝေးရောက်လက်ခံယူသည့် ကာယကံရှင်၊ မိသားစုဝင်များထံသို့ လက်ရောက်ချီးမြှင့်အပ်နှင်း

၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်နှင့် ၂ ရက်တို့တွင် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားများကို အောင်မြင်စွာကျင်းပကာ အခမ်းအနားတက်ရောက်လာသည့် ဘွဲ့ခံပုဂ္ဂိုလ်များထံ ရရှိသည့်ဂုဏ်ထူးဆောင်ဘွဲ့များအား နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌက ကိုယ်တိုင်တစ်ဦးချင်း လက်ရောက်ချီးမြှင့်အပ်နှင်းခဲ့ပြီးဖြစ်သည်။

 နမ့်ဆန်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများထုတ်ပေး

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားများအား ပင်စင်လစာငွေများကို  ယမန်နေ့နံနက် (၉)နာရီအချိန်ကစတင်ပြီး  ပင်စင်စားများအားထုတ်ပေးလျက်ရှိသည်။

သာစည်မြို့နယ်တွင် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်းစီမံကိန်းနှင့်မြစိမ်ရောင်ကျေးရွာစီမံကိန်းများဖြင့် ဆောင်ရွက်ထားသည့်လုပ်ငန်းများအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး 

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ် ကြက်မောက်ကျေးရွာတွင် ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်းနှင့် မြစိမ်ရောင်ကျေးရွာစီမံကိန်းတို့ဖြင့် စိုက်ပျိုးရေး ၊မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေအား တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်းစစ်ဆေး ကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ် မဟာမြိုင်(၁)ရပ်ကွက်အတွင်းရှိ အိမ်‌ထောင်စုစာရင်း‌ရှိ အခြေခံလူတန်းစားများအား လစဉ်ထောက်ပံ့လှူဒါန်းပွဲ အခမ်းအနားကျင်းပ

မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် မဟာမြိုင်(၁)ရပ်ကွက်အတွင်းရှိ မိဘပြည်သူများအား အိမ်ထောင်စုစာရင်းရှိ အခြေခံလူတန်းစားအိမ်ထောင်စု(၁၇၀) စုအနက်(၃၆)စုအား ဆဌမအကြိမ်မြောက် လစဉ်အလှည့်ကျ ဆန်၊ဆီ၊ကြက်ဥများနှင့်‌ ငွေသားများကို ယနေ့နံနက်ပိုင်းက အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့သည်။
Subscribe to