နမ့်ဆန် ဖေဖော်ဝါရီ ၂၁
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားများအား ပင်စင်လစာငွေများကို ယမန်နေ့နံနက် (၉)နာရီအချိန်ကစတင်ပြီး ပင်စင်စားများအားထုတ်ပေးလျက်ရှိသည်။
ထိုသို့ထုတ်ပေးရာတွင် နမ့်ဆန်မြို့နယ်တွင် အငြိမ်းစားပင်စင်စားဦးရေ(၁၈၉)ဦးရှိပြီး ပင်စင်လစာငွေများကို ပင်စင်လစာငွေများကို မိမိကိုယ်တိုင်သော်လည်းကောင်း ကိုယ်တိုင်လာရောက်ထုတ်ယူ နိုင်ခြင်းမရှိသူများကို မိသားစုဝင်တစ်ဦးမှကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စား လာရောက်ထုတ်ယူနိုင်ကြောင်း၊ ငွေထုတ်ယူရာတွင်အဆင်ပြေချောမွေ့စေရေး ဘဏ်ဝန်ထမ်းများမှ ကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မှ တာဝန်ရှိသူတစ်ဦး၏ပြောကြားချက်အရ သိရသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)