မိုးနဲ ဖေဖော်ဝါရီ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားပင်စင်လစာငွေများကို ယနေ့နံနက် ၈ နာရီခွဲအချိန်က စတင်ထုတ်ပေးလျက်ရှိရာ လာရောက်ထုတ်ယူကြသည့် အငြိမ်းစားပင်စင်စားများမှ အေးချမ်းစွာလာရောက်ထုတ်ယူလျက်ရှိ ကြောင်း သိရသည်။
အဆိုပါ ပင်စင်လစာငွေများကို လစဉ် နိုင်ငံ့ဝန်ထမ်းလစာငွေများ မထုတ်ပေးမီ ၂၁ ရက်နေ့နှင့် နောက်ပိုင်း ရုံးပိတ်ရက်မှအပ ရုံးဖွင့်ရက်များ၌ ထုတ်ပေးလျက်ရှိကြောင်း၊ မိုးနဲမြို့နယ်တွင် ပင်စင်အမျိုးအစား (၄) မျိုးရှိကြောင်း၊ ယနေ့တွင် ပင်စင်အမျိုးအစား (၄) မျိုးအနက် ဘဏ်ပင်စင်၊ မြို့ပြပင်စင်၊ နိုင်ငံရေးပင်စင်စားများသာလာရောက် ထုတ်ယူလျက်ရှိကြောင်း၊ ကျန်ရှိသည့် ကာကွယ်ရေးပင်စင်စားများအနေဖြင့် ၂၂ ရက်နေ့မှစတင်လာရောက်ထုတ်ယူကြမည်ဖြစ်ကြောင်း၊ မိုးနဲမြို့နယ်တွင် အငြိမ်းစားပင်စင်လာရောက်ထုတ်ယူသူ စုစုပေါင်း ၃၄၃ ဦးရှိကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ စနစ်တကျ ထုတ်ဝေပေးလျက်ရှိကြောင်း ဘဏ်တာဝန်ရှိသူထံမှ သိရသည်။
ဇင်ကိုကို(ပြန်/ဆက်)