မိတ္ထီလာ ဖေဖော်ဝါရီ ၂၁
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ် ကြက်မောက်ကျေးရွာတွင် ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်းနှင့် မြစိမ်ရောင်ကျေးရွာစီမံကိန်းတို့ဖြင့် စိုက်ပျိုးရေး ၊မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေအား တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်းစစ်ဆေး ကြောင်း သိရသည်။
သာစည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးရွာများတွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်အရောင်းအဝယ်လုပ်ငန်းများ စီးပွားဖြင့်လုပ်ကိုင်နိုင်စေရန် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ သိန်း ၃၀၀ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ယင်းသို့ ဆောင်ရွက်လျက်ရှိရာမှ ကြက်မောက်ကျေးရွာတွင် ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ သိန်း ၃၀၀ ဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများလုပ်ကိုင်သူ ၁၆၁ဦးအား မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှကြီးကြပ်ပြီး ကျေးရွာမြစိမ်းရောင်စီမံကိန်းကော်မတီကထုတ်ချေးပေးခဲ့ပြီး စိုက်ပျိုးရေး၊ မွေးမြူးရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိလျက်ရှိသည်။၎င်းအပြင် ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်တွင် ကျေးလက် စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်းဖြင့် ကြက်မောက်ကျေးရွာရှိ ဒေသခံပြည်သူများအား အဖွဲ့(၄)ဖွဲ့ ဖွဲ့စည်းထားပြီး အဖွဲ့တစ်ဖွဲ့လျှင်မတည်ရန်ပုံငွေ ၇.၅သန်းနှင့် ပြည်သူထည့်ဝင်ငွေ ၂.၅သန်းတို့ဖြင့် မွေးမြူရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိသည်။ယင်းသို့ ဆောင်ရွက်လျက်ရှိရာ ဒေါနအဖွဲ့နှင့် နှင်းဆီအဖွဲ့တို့မှ တစ်ဖွဲ့လျှင် ဆိတ် ၇၅ကောင်နှုန်း မွေးမြူထားပြီး ပိတောက်အဖွဲ့နှင့် စံပယ်အဖွဲ့တို့မှတစ်ဖွဲ့လျှင် နွား ၁၅ကောင်တို့ကို မွေးမြူ၍ မွေးမြူရေးလုပ်ငန်းများကို အစုအဖွဲ့အလိုက် စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်းနှင့် မြစိမ်ရောင်ကျေးရွာစီမံကိန်းတို့ဖြင့် လုပ်ငန်းများဆောင်ရွက်ထားရှိမှုအခြေ အ နေ ား ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဒေါ်မြင့်ဝင်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)