မန္တလေး ဖေဖော်ဝါရီ ၂၁
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ပြည်ကြီးတံခွန်မြို့နယ်အတွင်း ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများကို ယမန့်နေ့နံနက်(၇)နာရီအချိန်တွင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ ခြင်ဆေးဖျန်းခြင်းလုပ်ငန်းကို ပြည်ကြီးတံခွန်မြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းနိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှုများနှင့် လူမှုကူညီရေးအသင်းအဖွဲ့များပူးပေါင်း၍ ပြည်ကြီးတံခွန်မြို့နယ်(ည)ရပ်ကွက်၊ (၅၅)လမ်း x (၁၄၁)လမ်းမှစ၍ ခြင်ခိုအောင်းနိုင်သည် အမှတ်(၆) ရေဆိုးပစ်မြောင်းများအထိ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကျော်ကျော်အောင်