ပေါက်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်းစစ်ဆေး

ပေါက်တော ဖေဖော်ဝါရီ  ၂၁

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဌာနဆိုရာရုံးများသို့ ကွင်းဆင်းစစ်ဆေးခြင်းကို  မြို့နယ်မီးသတ်ဦးစီးဌာနမှ  ယနေ့ နံနက် ၁၀ နာရီ အချိန်က ဆောင်ရွက်ခဲ့ကြသည်။

ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူးဖြိုးပိုင်ဟိန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များသည် မြန်မာ့စီးပွားရေးဘဏ်၊ စည်ပင်သာယာရုံးနှင့် ဆပ်သွယ်ရေးရုံးများသို့  သွားရောက်ကာ မီးဘေးကြိုတင်ကာကွယ်ရေး လက်တွေ့မီးငြှိမ်းသတ်ခြင်းသရုပ်ပြမှုနှင့်  မီးဘေးလုံခြုံမှုရှိစေရေးအတွက် မီးသတိမူရေး၊ မီးဘေးကြိုတင်ကာကွယ်ရေး စီမံချက်များရေးဆွဲထားရှိရေး၊ လျှပ်စစ်ဝါယာကြိုးများ သွယ်တန်းရာတွင် စနစ်တကျ ရှိ/မရှိ၊ မီးပလပ်/ခလုတ်အား  ဟောင်းနွမ်းပျက်စီးနေပါက အသစ်လဲလှယ်တပ်ဆင်ရေး၊ မီးသတ်ပစ္စည်းကိရိယာများဖြစ်သော မီးသတ်ဆေးဘူး၊ မီးသတ်ရေပုံးများ၊ မီးချိတ်၊ မီးကပ်များ၊ သဲအိတ်များ၊ ရေပုံးများ၊ ရေကန်များ၌ ရေများ ဖြည့်တင်းကာ အသင့်ထားရှိရန် လိုအပ်ကြောင်းနှင့် မီးဘေးလုံခြုံရေးနှင့် အရေးပေါ် လွတ်မြောက်နိုင်ရေးအတွက် အရေးပေါ် ထွက်ပေါက်များထားရှိရေး၊ မီးဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဆောင်ရန်ရှောင်ရန်များ၊ မတော်တဆ မီးလောင်မှုဖြစ်ပွားပါကမီးသတ်ဦးစီးဌာနသို့ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များအား ထားရှိစေရေးတို့ကို အကြံပြု လမ်းညွန်မှာကြားခဲ့ကြကြောင်းသိရသည်။ 

မြို့နယ်(ပြန်/ဆက်)