နမ္မတူမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာများအား စတင်ထုတ်ပေးလျက်ရှိ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်အတွင်းရှိ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့နံနက် (၈)နာရီအချိန်မှစတင်ကာ ထုတ်ပေးလျက်ရှိကြောင်း နမ္မတူမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ သိရသည်။

ရွှေတောင်မြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား မြို့နယ်ပြည်သူ့ဆေးရုံတွင် ကျန်းမာရေးစောင့်ရှောက်မှုများ လစဉ်ပုံမှန်ပြုလုပ်ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် မြို့နယ်ပြည်သူ့ဆေးရုံတွင် ယနေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဦးဆောင်လမ်းညွှန်မှုအရ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်၏ ကြီးကြပ်မှုဖြင့်အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများအား လစဉ်ပုံမှန် (၂၁) ရက်နေ့မှ (၂၂) နေ့ထိ နှစ်ရက်တာ ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။

တောင်ပြိုလက်ဝဲမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေး နှိုးဆော်ခြင်းကို  ယမန်နေ့ ညနေ ၄ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည်အသိပညာပေး နှိုးဆော်ခဲ့သည်။

ကံမမြို့နယ်၌  အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများအား ပုံမှန်ထုတ်ပေး

မကွေးတိုင်းဒေသကြီ၊း  သရက်ခရိုင်  ကံမမြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲမှ အငြိမ်းစားဝန်ထမ်းများ၏ပင်စင်လစာငွေများကို ယနေ့ နံနက် ၆ နာရီမှစတင်၍ ထုတ်ပေးလျက်ရှိရာ  ရပ်ကွက်ကျေးရွာများမှ  ပင်စင်စားများအား နေ့အလိုက် ခွဲခြားသတ်မှတ်၍ ပင်စင်လစာငွေများအား ပုံမှန်ထုတ်ပေးလျက် ရှိကြောင်း  သိရသည်။

ကော့ကရိတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် Mask နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အိမ်ပြင်ထွက် သွားလာကြသည့် ပြည်သူများအား  Mask နှာခေါင်းစည်းတပ်ဆင်၍ သွားလာကြရေးအတွက် Mask နှာခေါင်းစည်းများကို အခမဲ့ဖြန့်ဝေပေးခြင်းကို ယမန်နေ့ ၃ နာရီက မြို့နယ်မီးသတ်ရုံးရှေ့တွင် အိမ်အပြင်ထွက် သွားလာကြသူများအား  Mask နှာခေါင်းစည်း အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကလိန်အောင်မြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ဆေးရောင်ခြယ်ပြိုင်ပွဲပြုလုပ်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ မွန်းလွဲ (၂) နာရီက ကလေးများအား ဆေးရောင်ခြယ်ပြိုင်ပွဲ ပြုလုပ်ဆောင်ရွက်‌ပေးခဲ့ကြောင်း သိရသည်။

မြောက်ဦးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အသိပညာပေးဟောပြောပွဲကျင်းပ

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်က သရက်အုပ်ကျေးရွာ၌ ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း သံတွဲမြို့နယ်နှင့် တောင်ကုတ်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးကုန်ထုတ်လုပ်မှု လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ထင်လတ်ဦး၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် ခွန်သန့်ဇော်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက သံတွဲမြို့နယ်နှင့် တောင်ကုတ်မြို့နယ်အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးကုန်ထုတ်လုပ်မှု လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

သရက်ချောင်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာငွေများ လစဉ်ပုံမှန်ထုတ်ပေးခြင်းဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ၏ သက်ပြည့်ပင်စင်နှင့် လုပ်သက်ပြည့်ပင်စင်လစာငွေများအား လစဉ်ပုံမှန်ထုတ်ပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က သရက်ချောင်းမြို့၊ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာငွေများအား ထုတ်ပေးလျက်ရှိသည်။
Subscribe to