မဟာအောင်မြေမြို့နယ် မဟာမြိုင်(၁)ရပ်ကွက်အတွင်းရှိ အိမ်‌ထောင်စုစာရင်း‌ရှိ အခြေခံလူတန်းစားများအား လစဉ်ထောက်ပံ့လှူဒါန်းပွဲ အခမ်းအနားကျင်းပ

မဟာအောင်မြေ ဖေဖော်ဝါရီ  ၂၁

မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် မဟာမြိုင်(၁)ရပ်ကွက်အတွင်းရှိ မိဘပြည်သူများအား အိမ်ထောင်စုစာရင်းရှိ အခြေခံလူတန်းစားအိမ်ထောင်စု(၁၇၀) စုအနက်(၃၆)စုအား ဆဌမအကြိမ်မြောက် လစဉ်အလှည့်ကျ ဆန်၊ဆီ၊ကြက်ဥများနှင့်‌ ငွေသားများကို ယနေ့နံနက်ပိုင်းက အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့သည်။

အဆိုပါ ပေးအပ်လှူဒါန်းပွဲအား မဟာအောင်မြေမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးတင်မြင့်ဦး၏လမ်းညွှန်မှုဖြင့် မိဘပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်ရာ အိမ်ထောင်စု(၃၆)စုအား ဆန်(၂)ပြည်၊ဆီ(၅၀)ကျပ်သား၊ကြက်ဥ(၁၀)လုံးနှင့် ဗလာမပါငွေသား (၂၅၆၀၀၀)ကျပ်အားမဲဖောက်ပေးပြီး ပေးအပ်လှူဒါန်းရာ အသက်(၈၀)နှစ်အထက် အိမ်ထောင်စု (၇)စု အား ငွေကျပ်(၁၀၀၀၀)၊ ဆန်(၂)ပြည်၊ဆီ(၅၀)ကျပ်သား ၊ကြက်ဥ(၁၀)လုံး၊ အသက်(၈၀)နှစ် အောက်အိမ်ထောင်စု (၂၉)စုအား ဆန်(၂)ပြည်၊ ဆီ(၅၀)ကျပ်သား ၊ကြက်ဥ (၁၀)လုံးစီတို့အား လစဉ်အလှည့်ကျပေးအပ်လှူဒါန်းရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်မြင့်ဦးနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးနေမင်းဦးနှင့်ဇနီးတို့မှ ထောက်ပံ့ ပေးအပ်လှူဒါန်းကြရာ အဘိုး၊အဘွားများမှ လက်ခံရယူခဲ့ကြောင်းသိရသည်။

အဆိုပါလှူဒါန်းပွဲကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများ၊ အဘိုးအဘွား များ တက်ရောက်ကြောင်းသိရသည်။

အောင်ဇော်မင်း