မိုင်းပျဉ်းမြို့နယ် မီးသတ်ဦးစီးဌာနမှ အ.ထ.ကစာစစ်ဌာနသို့ မီးဘေးအန္တရာယ်ကင်းရှင်းရေးကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊   ကျိုင်းတုံခရိုင်၊    မိုင်းပျဉ်းမြို့ တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနဖြစ်သော အခြေခံပညာအထက်တန်းကျောင်းသို့ မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကင်းရှင်းရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ ညနေ ၄ နာရီက အဆိုပါကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဘားအံမြို့နယ်တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သောအဖွဲ့ဖြင့် တွေ့ဆုံပွဲပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံမြို့နယ် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ​ ကျေးရွာနေပြည်သူများနှင့်  တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ (၁:၀၀)နာရီအချိန်ခန့်က ထောင်ကလပ်ကျေးရွာအုပ်စု ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ဓနုဖြူမြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား/သူများအား တွေ့ဆုံအားပေးခြင်း အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၃ခုနှစ်တက္ကသိုလ်ဝင် စာမေးပွဲဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား/သူများအား တွေ့ဆုံအားပေးခြင်းအခမ်းအနားကို ယမန်နေ့က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ တေဇခန်းမ၌ ကျင်းပခဲ့သည်။

ပွင့်ဖြူမြို့နယ်၌ ဆူးပုပ်စိုက်ပျိုးတောင်သူများ မိသားစုနေ့စဉ်ဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မုန်းချောင်းဘေးတစ်လျှောက်ရှိ အညာကျေးလက်နေတောင်သူများသည် မုန်းချောင်းရေနှင့် မြေအောက်ရေကို အမှီပြုပြီး ကိုင်းမြေနှင့် မြေနုကျွန်းမြေများတွင် ဆူးပုပ်ကြီးနှင့် ဆူးပုပ်ကလေး စိုက်ပျိုးရေးလုပ်ငန်းကို အားထားစိုက်ပျိုးလုပ်ကိုင်ကြရာ အောင်မြင်ဖြစ်ထွန်း၍ မိသားစုအတွက် နေ့စဉ်ဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိနေကြကြောင်း ပွင့်ဖြူမြို့နယ်၊ မဒဲကျေးရွာမှ ဒေသခံတောင်သူများထံမှ သိရသည်။

မိုးညိုမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့သန့်ရှင်းသာယာလှပရေးအရိပ်ရပင်နှင့် ပန်းအလှပင်များစိုက်ပျိုးထားရှိ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မိုးညိုမြို့အား "Clean City" "Green City"ဖြစ်စေရန် ရည်မှန်းလုပ်ဆောင်လျက်ရှိရာ မြို့သန့်ရှင်းသာယာ လှပစေရေးအတွက် အရိပ်ရပင်များနှင့်ပန်းအလှပင်များ စိုက်ပျိုးထားရှိကြောင်းသိရသည်။

စိုက်ပျိုးရေးအသိပညာ၊ အတတ်ပညာများကို လက်တွေ့အသုံးချပြီး ပတ်ဝန်းကျင်ထိခိုက်မှုများကို ရှောင်ရှား၍ ရေရှည်တည်တံ့ခိုင်မြဲသောစိုက်ပျိုးရေးစနစ်ကိုဖော်ဆောင်လုပ်ကိုင်

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဝန်ထမ်းလေ့ကျင့်ရေး သင်တန်းကျောင်းနှင့် စိုက်ပျိုးရေးသိပ္ပံဌာနခွဲ စိုက်ပျိုးရေးသိပ္ပံ(ဇွဲကပင်)ဘားအံမြို့၏ ပဉ္စမအကြိမ်မြောက် စိုက်ပျိုးရေးဒီပလိုမာအပ်နှင်းသည့်အခမ်းအနားကို ယနေ့နံနက် ၉ နာရီခန့်က နည်းပညာတက္ကသိုလ်(ဘားအံ) ဘွဲ့နှင်း သဘင်ခန်းမ၌ကျင်းပခဲ့သည်။

သရက်မြို့၌ စားသုံးသူရေးရာ အသိပညာပေး Talk Show ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စားသုံးသူရေးရာ အသိပညာပေး Talk Show ဆောင်ရွက်ခြင်းကို ဖေဖော်ဝါရီ(၂၄)ရက် နံနက်(၁၀)နာရီက ခရိုင်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ကျင်းပခဲ့သည်။

ညောင်တုန်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး တွေ့ဆုံအားပေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ယနေ့ နံနက်ပိုင်းက နတ်ပေးအခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက် တွေ့ဆုံအားပေးခဲ့သည်။

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်မည့် နွေစပါးစိုက်ပျိုးဧကပေါင်း(၃၅၀၀)အတွက် လုပ်ငန်းကြီးကြပ်မှုကော်မတီနှင့် ကျေးရွာအုပ်စုတောင်သူအစုအဖွဲ့တို့ ချေးငွေသဘောတူစာချုပ် ချုပ်ဆိုပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့်နွေစပါးစိုက်ပျိုးထုတ်လုပ်ရေး စီမံကိန်းတွင်ပါဝင်ဆောင်ရွက်သည့် တောင်သူများနှင့်လုပ်ငန်းကြီးကြပ်မှုကော်မတီတို့ ချေးငွေသဘောတူစာချုပ် ချုပ်ဆိုပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်သည်။

ပေါက်တောမြို့၌ မြို့နယ်စီမံအုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အသက်-၂၅ နှစ်အောက် (U-25) အမျိုးသားဘောလုံးပြိုင်ပွဲကျင်းပ

ရခိုင်ပြည်နယ် ပေါက်တောမြို့၌ မြို့နယ်စီမံအုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အသက်-၂၅ နှစ်အောက် (U-25) အမျိုးသားဘောလုံးပြိုင်ပွဲကို ယမန်နေ့ ညနေ ၃ နာရီက ပေါက်တောမြို့ရှိ ပေါက်တော ရွှေမြေအားကစားကွင်း၌ ကျင်းပကြောင်းသိရသည်။
Subscribe to