ဓနုဖြူမြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား/သူများအား တွေ့ဆုံအားပေးခြင်း အခမ်းအနားကျင်းပ

ဓနုဖြူ   ဖေဖော်ဝါရီ  ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ဓနုဖြူမြို့နယ်တွင် ၂၀၂၃ခုနှစ်တက္ကသိုလ်ဝင် စာမေးပွဲဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား/သူများအား တွေ့ဆုံအားပေးခြင်းအခမ်းအနားကို ယမန်နေ့က အမှတ်()အခြေခံပညာအထက်တန်းကျောင်း၊ တေဇခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးအေးကိုတင့်နှင့် မြို့နယ်ပညာရေးမှူး ဦးလှဌေးတို့မှ တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုကြမည့် ကျောင်းတွင်းဖြေနှင့် ပြင်ပဖြေ ကျောင်းသား၊ကျောင်းသူ(၅၆၁)ဦးတို့အား စာမေးပွဲဖြေဆိုခြင်းဆိုင်ရာ နည်းလမ်းများနှင့် ပတ်သတ်၍ ဆွေးနွေးအားပေးစကားများ ပြောကြားခဲ့ပြီး ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် အထက်တန်းနှင့်အထက် တန်း(ခွဲ)ကျောင်းများမှ ကျောင်းအုပ်ဆရာ၊ဆရာမများ၊ တက္ကသိုလ်ဝင်တန်း ကျောင်းတွင်းဖြေနှင့်ပြင်ပဖြေ ကျောင်းသား/သူများစုစုပေါင်း (၅၈၆)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)