သရက်မြို့၌ စားသုံးသူရေးရာ အသိပညာပေး Talk Show ဆောင်ရွက်

သရက် ဖေဖော်ဝါရီ ၂၆

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စားသုံးသူရေးရာ အသိပညာပေး Talk Show ဆောင်ရွက်ခြင်းကို ဖေဖော်ဝါရီ(၂၄)ရက် နံနက်(၁၀)နာရီက ခရိုင်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ အသိပညာပေး Talk Show ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဦးဇော်၀မ်းထွန်းနှင့် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံဦးအုန်းမြင့်တို့က စားသုံးသူကာကွယ်ရေး ဉပဒေမှာပါရှိသည့် ဝန်ဆောင်မှုအဓိပ္ပာယ်၊ ဝန်ဆောင်မှုနှင့်စပ်လျဉ်းပြီး အာမခံချက် အကြောင်းအရာများနှင့်စားသုံးသူများမှ ဝန်ဆောင်မှုနှင့်ပတ်သက်၍ တောင်းဆိုနိုင်သည့် အခွင့်အရေးများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဇော်ထက်(သရက်)