ညောင်တုန်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး တွေ့ဆုံအားပေး

ညောင်တုန်း ဖေဖော်ဝါရီ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် ယနေ့ နံနက်ပိုင်းက နတ်ပေးအခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်တွေ့ဆုံအားပေးခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့သောငွေကျပ် (၆၆၂၀၀၀)ကျပ်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးကျော်စိုးနှင့် အဖွဲ့ဝင်များက သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများထံပေးအပ်ခဲ့ပြီး မြို့နယ်အတွင်းတက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် အခြေခံပညာအထက်တန်းကျောင်းများရှိ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံအားပေးခဲ့သည်။

ညောင်တုန်းမြို့နယ်တွင်၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကိုကျောင်းတွင်း ဖြေဆိုသူ(၃၁၅)ဦး၊ ကျောင်းပြင်ပဖြေဆိုသူ (၃၄၇)ဦး စုစုပေါင်း(၆၂၂)ဦးရှိကြောင်းသိရသည်။

ထက်ဝေဖြိုး(ပြန်/ဆက်)