ပေါက်တော ဖေဖော်ဝါရီ ၂၆
ရခိုင်ပြည်နယ် ပေါက်တောမြို့၌ မြို့နယ်စီမံအုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား အသက်-၂၅ နှစ်အောက် (U-25) အမျိုးသားဘောလုံးပြိုင်ပွဲကို ယမန်နေ့ ညနေ ၃ နာရီက ပေါက်တောမြို့ရှိ ပေါက်တော ရွှေမြေအားကစားကွင်း၌ ကျင်းပကြောင်းသိရသည်။
ရှေးဦးစွာ အားကစားအဖွဲ့များက အားကစားကွင်းအတွင် နေရာယူကာ မြို့နယ်စီမံအုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းထွန်းအား အလေးပြုကြသည်။ထို့နောက် မြို့နယ်စီမံအုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင်အသင်းများက အားကစားအဋ္ဌိဋ္ဌာန် ရွတ်ဆိုကြ၍ မြို့နယ်စီမံအုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ဘောလုံးကန်း၍ ဖွင့်လှစ်ပေးသည်။
အဖွင့်ပွဲစဉ်တွင် ဟာရီကိန်းအသင်းက Hunter အသင်းကို နှစ်ဂိုး ဖြတ်ဖြင့်အနိုင်ရရှိသည်။ အဆိုပါပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း ကိုးသင်းတို့က ပေါက်တောမြို့ရှိ ပေါက်တောရွှေမြေ အားကစားကွင်းတွင် ဖေဖော်ဝါရီ ၂၅ ရက် မှ မတ် ၇ ရက်နေ့ထိ ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။ ပြိုင်ပွဲကို မြို့နယ်စီမံအုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာဆရာမများ၊ ကျောင်းသားကျောင်း သားများ၊ အားကစားသမားများနှင့် အားကစားကို စိတ်ဝင်စားသူများတက်ရောက်ကြည့်ရှုအားပေးကြသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)