ငပုတောမြို့၌ လူမှုဝန်ထမ်းဦးစီးဌာန၏ ခွင့်ပြုမိန့်ရကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း သင်ကြားသင်ယူတက်မြောက်မှု ပြီးစီးကြောင်း ဆုတံဆိပ်ပေးအပ်ပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ လူမှုဝန်ထမ်းဦးစီးဌာန၏ ခွင့်ပြုမိန့်ရ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း သင်ကြားသင်ယူတက်မြောက်မှု ပြီးစီးကြောင်း ဆုတံဆိပ်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးနှင့် မြို့နယ်ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။

အိမ်မဲမြို့နယ်တွင် လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှုလျှော့ချနိုင်ရေးအတွက် ထရန်စဖော်မာများပြုပြင်ထိန်းသိမ်းခြင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် ပြည်သူများ လျှပ်စစ်ဓာတ်အားပြည့်ဝစွာအသုံးပြုနိုင်ရေး၊ လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှုလျှော့ချနိုင်ရေးတို့အတွက် စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။

ရှေးဟောင်းသမိုင်းဝင် ဆံရွှေတော်စေတီတော်မြတ်ကြီး၌ ဥပုဒ်နှင့် အစိုးရရုံးပိတ်ရက် နှင့်တိုက်ဆိုင်၍ဘုရားဖူးများဖြင့်စည်းကား

ရန်ကုန်တိုင်းဒေသကြီး၊တွံတေးခရိုင်၊ တွံတေးမြို့၏ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ဆံတော်ခြောက်ဆူကိန်းဝပ်တော်မူသော ဆံကေသာဓာတုရွှေဆံတော်စေတီတော်မြတ်ကြီးတွင် ယနေ့တွင်တပေါင်းလဆန်း(၈)ရက်ဥပုဒ်နေ့နှင့် အစိုးရရုံးပိတ်ရက်နှင့်တိုက်ဆိုင်နေ၍  တနင်္ဂနွေနေ့များတွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများဖြင့်စည်းကားလျက်ရှိကြောင်း ရွှေဆံတော်ဂေါပက ဥက္ကဋ္ဌထံမှသိရသည်။

ချင်းရွှေဟော်မြို့ မြို့မဈေးတွင် မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောခြင်းနှင့် ကွင်းဆင်းစစ်ဆေး ခြင်းများဆောင်ရွက်

ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ချင်းရွေဟော်မြို့၊ မြို့မဈေးတွင် မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောခြင်းနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများအား ယနေ့နံနက်ပိုင်းအချိန်က တာဝန်ရှိသူများကကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သာကေတမြို့နယ်တွင်အခြေခံစားသောက်ကုန်ပစ္စည်းများစျေးနှုန်းချိုသာစွာရောင်းချပေး

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်ရှိပြည်သူများမှအခြေခံစားသောက်ကုန်ပစ္စည်းများ အားစျေးနှုန်းသက်သာစွာဖြင့် လွယ်ကူစွာဝယ်ယူနိုင်ရန်ရည်ရွယ်၍ ရန်ကုန်မြို့ တော်စည်ပင် သာယာရေးကော်မတီအစီအစဉ်ဖြင့် ယနေ့နံနက်(၆:၃၀) နာရီမှနံနက်(၈:၃၀) နာရီအထိ အမှတ်(၅)ရပ်ကွက် ၊မြင်တော်သာလမ်းရှိမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အရှေ့လမ်းသွယ်၌စားသုံးဆီ၊ကြက်သား၊ဝက်သား၊ငါးအမျိုးမျိုးအားရောင်းချပေးခဲ့ကြောင်းသိရှိရသည်။

ငပုတောမြို့၌ ရှေးဟောင်းသမိုင်းဝင်  သာယာအေးအာရုံခံစေတီတော်မြတ်ကြီး၏ ဌာပနာပိတ်ပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၊ တောင်ပိုင်းရပ်ကွက် သာယာကျောင်းတိုက်အတွင်းတည်ထားကိုးကွယ်တော်မူအပ်သော ရှေးဟောင်းသမိုင်းဝင် သာယာအေး အာရုံခံစေတီတော်မြတ်ကြီး၏ ဌာပနာပိတ်ပွဲအခမ်းအနားကို ယနေ့နံနက် (၇)နာရီအချိန်က အဆိုပါကျောင်းတိုက်ဝန်းအတွင်း ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ သာယာအေးအာရုံခံစေတီတော်မြတ်ကြီး၏မတည် အလှူရှင်ဒေါ်ငွေတိုးနှင့် စေတနာရှင်အလှူရှင်များ တက်ရောက်ခဲ့ကြသည်။
Subscribe to