တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့တွင် လွှတ်တော်ကော်မတီ (၃) ရပ်အတည်ပြုဖွဲ့စည်း

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့ကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပြီး လွှတ်တော်ကော်မတီ(၃)ရပ်ကို အတည်ပြုဖွဲ့စည်းခဲ့သည်။

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး လယ်ဝေးမြို့နယ်၌ မဟာသင်္ကြန်ပွဲတော်နှင့်လမ်းလျှောက် သင်္ကြန်ပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်

နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် ယနေ့နံနက်ပိုင်းက မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်သူရနှင့် တာဝန်ရှိသူများလိုက်ပါလျက် လယ်ဝေးမြို့နယ်၊ ရှမ်းစု(အရှေ့) ကျေးရွာ၌ တည်ရှိသော လောကသာမိစေတီတော် ပြန်လည်ပြုပြင် မွမ်းမံနိုင်ရေးအတွက် စေတီတော်ကြီး၏ဂေါပကအဖွဲ့များ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံ၍မှာကြားခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာန အငြိမ်းစားပြည်ထောင်စုဝန်ကြီး ဂုဏ်ထူးဆောင်ပါမောက္ခ ဦးဖေသက်ခင် ဆေးတက္ကသိုလ်တောင်ကြီး၌ Lunch Time Talk ကျင်းပ

ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ဆေးတက္ကသိုလ် (တောင်ကြီး)၌ Luch Time Talk ကျင်းပခြင်းကို ဆေးတက္ကသိုလ်‌(တောင်ကြီး)ရှိ ပန်းချယ်ရီခန်းမ၌ ယမန်နေ့မွန်းလွဲ (၂)နာရီအချိန်က ဆောင်ရွက်ရာကျန်းမာရေး ဝန်ကြီးဌာနမှ အငြိမ်းစားပြည်ထောင်စုဝန်ကြီး ဆေးတက္ကသိုလ်(၁)နှင့် (၂)၏ ဂုဏ်ထူးဆောင်ပါမောက္ခ ဦးဖေသက်ခင်၊ မြန်မာနိုင်ငံ အရိုးအကြောအဆစ်အသင်း၏ နာယက ဆေးတက္ကသိုလ်(၁) ဂုဏ်ထူးဆောင်ပါမောက္ခ ဦးချစ်စိုး၊ ဆေးတက္ကသိုလ် တောင်ကြီးမှ ပါ‌မောက္ခချုပ် ဒေါက်တာသဲနုထွေး၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းနိုင်၊ ဆေးတက္ကသိုလ်(တောင်ကြီး)မှ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသည့် ဧည်သည်တော်များ တက်ရောက်ကြသည်။

ကွမ်းခြံကုန်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး‌ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ သောက်သုံးရေအခက်အခဲဖြစ်‌နေသော ပြည်သူများအား သောက်သုံးရေများ ဖြည့်တင်းလှူဒါန်းပေး

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၆)ရပ်ကွက်၊ သဲအင်းဂူဘုန်းကြီး​ကျောင်းလမ်းအတွင်းရှိ သောက်သုံးရေလိုအပ်လျက်ရှိသော ပြည်သူများအား ယမန်နေ့ နံနက်ပိုင်းက ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်မီးသတ်စခန်းမှ ရပ်ကွက်အတွင်းသို့ ရေများဖြည့်တင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မိုင်းခတ်၌ ၂၀၂၆ ခုနှစ်မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကျင်းပရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများကြည့်ရှု

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် မြန်မာ့ရိုးရာနှစ်သစ်ကူးလမ်းလျှောက်သင်္ကြန်ကျင်းပရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများအား သက်ဆိုင်ရာတာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် လှည့်လည် ကြည့်ရှုခဲ့ကြသည်။

မုံရွာမြို့၊ အရှေ့ဘက်ကန်သာယာကန်ရှိ မြို့ရာပြည့်ကပ်ကျော်စေတီတော်ကြီးပရဝုဏ်အတွင်း သန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများသည် ဧပြီလ ၄ ရက်၊ နံနက်ပိုင်းတွင် မုံရွာမြို့အား မြို့အင်္ဂါအရပ်နှင့်အညီ သန့်ရှင်းသပ်ရပ်သာယာလှပစေရေးနှင့် ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် ဖူးမျှော်နိုင်စေရန်အတွက် မုံရွာမြို့၊ အရှေ့ဘက်ကန်သာယာကန်ရှိ မြို့ရာပြည့်ကပ် ကျော်စေတီတော်ကြီး ပရဝုဏ်အတွင်း မုံရွာမြို့ပေါ်ရှိ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများ စုစုပေါင်းအင်အား ၅၀၀ ဦးကျော်ဖြင့် စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။

ပုဇွန်တောင်မြို့နယ်၌ အားကစားကဏ္ဍဖွံ့ဖြိုးရေးအတွက် အခမဲ့ဖွင့်လှစ်သင်ကြားသည့် နွေရာသီ အခြေခံအားကစားနည်း သင်တန်းဆင်းပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကျန်းမာပျော်ရွှင်ကာ အားကစားကဏ္ဍဖွံ့ဖြိုးပြီး နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ဖွင့်လှစ်သည့် အခြေခံနွေရာသီအခြေခံ အားကစားနည်းသင်တန်းဆင်းပွဲကို ယမန်နေ့နံနက် (၉)နာရီအချိန်က  အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း တေဇခန်းမ၌ ကျင်းပသည်။

တာမွေမြို့နယ်၌ ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ် မလွှကုန်းဌေးကြွယ်(က)ရပ်ကွက် အုပ်ချုပ်ရေးမှူးအဖွဲ့နှင့် Green Foundation တို့ပူးပေါင်း၍ ဓမ္မဒါနမေတ္တာဖြင့် ဖွင့်လှစ်ပေးသော ယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ အမှတ်(၅) မူလတန်းကြိုကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပွင့်ဖြူမြို့နယ် ရွှေဘိုရွာသစ်ကျေးရွာတွင် VDP စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ဥယျာဉ်ကျစ်ကျေးရွာ အုပ်စု၊ ရွှေဘိုရွာသစ်ကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ပံ့ပိုးရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် VDP စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to