ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ သောက်သုံးရေအခက်အခဲဖြစ်‌နေသော ပြည်သူများအား သောက်သုံးရေများ ဖြည့်တင်းလှူဒါန်းပေး

ဒဂုံမြောက် ဧပြီ ၄

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၆)ရပ်ကွက်၊ သဲအင်းဂူဘုန်းကြီး​ကျောင်းလမ်းအတွင်းရှိ သောက်သုံးရေလိုအပ်လျက်ရှိသော ပြည်သူများအား ယမန်နေ့ နံနက်ပိုင်းက ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်မီးသတ်စခန်းမှ ရပ်ကွက်အတွင်းသို့ ရေများဖြည့်တင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ရေများဖြည့်တင်းဆောင်ရွက်ရာတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း) အမှတ်(၁၆)ရပ်ကွက်၊ သဲအင်းဂူဘုန်းကြီး​ကျောင်းလမ်းအတွင်းရှိ သောက်သုံးရေလိုအပ်လျက်ရှိသော ပြည်သူများအား မြို့နယ်မီးသတ်ဦးစီးမှူး၊ ဦးစီးအရာရှိ ဦးတင်ထွန်းအောင် ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင် (၅)ဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစိုးဝင်းထွန်း၊ မြို့နယ်ရေသန့်ဌာနမှ ဒေါ်သက်မာနှင့်ဝန်ထမ်း(၅)ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခင်မောင်လတ်နှင့်အဖွဲ့ဝင် (၆)ဦးတို့မှ ပူးပေါင်း၍   4N/9476 DongFeng မီးသတ်ရေသယ်ယာဉ်(၁)စီးဖြင့် ရေဂါလံ (၃၂၀၀) အား လှူဒါန်း‌ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြင့်မြင့်ရီ