ကွမ်းခြံကုန်း ဧပြီ ၄
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်နန့်ဆွေနွယ်ဦး (ဦးစီးအရာရှိ)က ကျောင်းသား/သူ လူငယ်လူရွယ်များအား ကလေးအလုပ်သမားပပျောက်ရေးနှင့် ပတ်သက်၍ ပြည်သူများ သိရှိနိုင်ရန်ဥပဒေနှင့် ပြစ်မှု/ ပြစ်ဒဏ်များ၊ မြန်မာနိုင်ငံတွင် ကလေးများ အတွက်အကာအကွယ်ပေးထားသည့် ဥပဒေများ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေများ၊ အလုပ်ရုံးများ၌ ကလေးအလုပ်သမားများ၏ အလုပ်အချိန်သတ်မှတ်ထားမှုများ၊ ကလေးအလုပ် သမားများကို ဥပဒေမဲ့အလုပ်ခိုင်းစေခြင်းဖြင့် ချမှတ်နိုင်သည့် ဥပဒေများ၊ ကလေးအလုပ် သမားများသည်အလုပ်ခွင်၌ အချိန်ပြည့်နီးပါး အလုပ်လုပ်ကြရသဖြင့် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ နာကျင်မှုများ မလွဲမသွေခံစားကြရမည်ဖြစ်ကြောင်း၊ ကလေးအလုပ်သမားနှင့်ပတ်သက်၍ ကာကွယ်ပေးထားသည့် ဥပဒေများရှိကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက်တက်ရောက်လာသူများက ခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များအား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)