ပုဇွန်တောင်မြို့နယ် အမှတ်(၉)ရပ်ကွက်တွင် ရေစီးရေလာကောင်းမွန်ရေးဆောင်ရွက် 

ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်ခရိုင် ပုဇွန်တောင်မြို့နယ်တွင်  မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၏ စီမံကြီးကြပ်မှုဖြင့် မြို့နယ်သန့်ရှင်းသာယာသပ်ရပ်ရေးနှင့်ရေစီးရေလာကောင်းမွန်ရေးအတွက် နေ့စဉ်အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက အမှတ်(၉) ရပ်ကွက်၊ ဝတ်ကျောင်းလမ်းနှင့် ရေကျော်လမ်း‌ထောင့်ရှိ ရေမြောင်းများရေစီးရေလာကောင်းမွန်စေရေး သန့်ရှင်း​ရေးလုပ်ငန်းများ ဆောင်ရွက်သည်။

ငဖဲမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကြေညာ

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ၂၀၂၅ ခုနှစ်ဒီဇင်ဘာလတွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကြေညာချက်များကို ယနေ့ နံနက်ပိုင်းက စတင်ကပ်ထားကြေညာထားရှိကြောင်း သိရသည်။

သန်လျင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်း အသိပေးကြေညာ

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ် လောင်းများ၏ အမည်စာရင်းများကို ယနေ့နံနက်ပိုင်းက စတင်ပြီး သန်လျင်မြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံးတွင် ကြေညာထားရှိသည်။

မြစ်သားမြို့နယ်တွင် မိုးစပါးစိုက်ခင်း (၅၅၄၈၅) ဧကစိုက်ပျိုးပြီး အောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ကင်းတားရေလှောင်တမံဆည်ရေဖြင့် မိုးစပါးစိုက်ပျိုးလျက်ရှိပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါးစိုက်ခင်း (၅၅၄၈၅) ဧကစိုက်ပျိုးပြီး စိုက်ခင်းများ ​အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

မိုင်းရယ်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကြေညာ 

၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့်လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကိုအောက်တိုဘာ ၁၉ ရက် ညနေပိုင်းကစတင်ပြီး မိုင်းရယ်မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးတွင်ကြေညာထားရှိသည်။

တန့်ယန်းမြို့နယ်တွင် သံဃာ့ဆေးကုသဆောင်သစ်ဖွင့်ပွဲနှင့် လှူဒါန်းရေစက်ချပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် ဩဝါဒါစရိယ ဆရာတော်ကြီးများ၏ ဦးဆောင်မှုဖြင့် စုပေါင်းအလှူရှင်များမှ ဆောက်လုပ်လှူဒါန်းခဲ့သော သံဃာ့ဆေးကုသဆောင် နှစ်ထပ် ဆောင်သစ်ဖွင့်ပွဲနှင့် လှူဒါန်းရေစက်ချပွဲ အခမ်းအနားကို ပြည်သူ့ဆေးရုံ၌ ယမန်နေ့ နံနက် ၉ နာရီက ကျင်းပသည်။

တန့်ယန်းမြို့နယ်တွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကြေညာထားရှိ

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရန် ရွေးကောက်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ကြမည့်  လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကြေညာချက်များကို အောက်တိုဘာ ၁၉ ရက် ညနေပိုင်းတွင်စတင်ကြေညာထားရှိကြောင်း သိရသည်။

မိုင်းဆတ်မြို့၌ မြန်မာအီလက်ထရောနစ်(MEVM) မဲပေးစက်  လက်တွေ့သရုပ်ပြစမ်းသပ်မဲပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ် မိုင်းထလန်းကျေးရွာအုပ်စု၊ယောင်းခကျေးရွာ၌ အောက်တိုဘာ ၁၉ ရက်က မဲဆန္ဒရှင်အသိပညာပေးခြင်းနှင့် မြန်မာအီလက်ထရောနစ်(MEVM)မဲပေးစက်ဖြင့်   လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်း ကွင်းဆင်းဆောင်ရွက်သည်။ အခမ်းအနားတွင် ဒေသခံမဲဆန္ဒရှင်ပြည်သူ (၁၁၇၃)ဦးတို့က မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ဖြင့် လက်တွေ့စမ်းသပ် မဲပေးခဲ့ကြကြောင်း သိရသည်။
Subscribe to