ကယားပြည်နယ်ဝန်ကြီးချုပ် အောင်မြင်စွာပြီးမြောက်ခဲ့သည့် ပြည်သူ့စစ်မှုထမ်း အမှတ်စဉ် (၁) စစ်သည်များအား ဂုဏ်ပြုထောက်ပံ့ပစ္စည်းများ ချီးမြှင့်ပေးအပ်၊ ၂၀၂၆ ခုနှစ် မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး တတိယအကြိမ် အစည်းအဝေး တက်ရောက်

စစ်မှုထမ်းဆောင်ခြင်း အောင်မြင်စွာပြီးမြောက်ခဲ့သည့် ပြည်သူ့စစ်မှုထမ်း အမှတ်စဉ် (၁) မှ စစ်သည်များအား ဂုဏ်ပြုခြင်းနှင့် ထောက်ပံ့ပစ္စည်းများ ချီးမြှင့်ပေးအပ်ခြင်း အခမ်းအနားကို ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်) တပ်နယ်ခန်းမ၌ ယနေ့နံနက်က ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ် ဦးစိန်ဦး၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှ အရာရှိများနှင့် ပြည်သူ့စစ်မှုထမ်း အပတ်စဉ် (၁) မှ စစ်သည်များ တက်ရောက်ကြသည်။

ဒလမြို့နယ်၌ သောက်သုံးရေလိုအပ်ချက်ရှိသော ပြည်သူများအား  သောက်သုံးရေလှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ ပူပြင်းခြောက်သွေ့သော နွေရာသီတွင် သောက်သုံးရေပြတ်လပ်မှုမရှိစေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနက ယမန်နေ့နံနက်ပိုင်းတွင် စံပြတံတားချောင်းကျေးရွာရှိ သောက်သုံးရေလိုအပ်လျက်ရှိသော ပြည်သူများအား သောက်သုံးရေများ(အခမဲ့) လှူဒါန်းပေးခဲ့သည်။

ပေါက်ခေါင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်နှင့် စာအုပ်ပြပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့က အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲများကို ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ထန်းတပင်မြို့နယ်၌ အခြေခံပညာမူလတန်း(ကြိမ်ပိုက်) ကျောင်းဆောင်သစ်ဖွင့်ပွဲကျင်းပ

၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ရန်ကုန်တိုင်း​ဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ကျားဟုန်းကျေးရွာအုပ်စုရှိ အခြေခံပညာမူလတန်းကျောင်း(ကြိမ်ပိုက်) တွင် ယမန်နေ့ နံနက်ပိုင်း ကျင်းပပြုလုပ်ခဲ့သည်။

မအူပင်မြို့၌ ပိုးသတ်ဆေးဓာတ်ကြွင်း ကင်းစင်သည့် စပါးစိုက်ပျိုးထုတ်လုပ်နိုင်ရေး စံပြကွက်ကွင်းသရုပ်ပြပွဲ ကျင်းပ

ဧရာဝတီတိုင်း​ဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ ပိုးသတ်ဆေးဓာတ်ကြွင်း ကင်းစင်သည့် စပါးစိုက်ပျိုးထုတ်လုပ်နိုင်ရေး စံပြကွက် ကွင်းသရုပ်ပြပွဲနှင့် ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်သည့် စပါးစိုက်ပျိုးထုတ်လုပ်နိုင်ရေး အသိပညာပေးခြင်းများအား ယမန်နေ့နံနက် (၁၀)နာရီက ဝါးတောကျေးရွာအုပ်စု၊ ထနီဒေါင့်ကျေးရွာရှိ ကွင်းအမှတ် (၉၅၇)၊ ဦးပိုင်အမှတ် (၅၄/၂)၊ တောင်သူ ဦးစန်းမြင့်၏ နွေစပါးသီးနှံ (၁၀)ဧကစိုက်ခင်း၌ ဆောင်ရွက်သည်။

မင်းလှမြို့၌ အပူဒဏ်အန္တရာယ် ကြိုတင်ကာကွယ်ရေး အပူရှောင်စခန်းများဖွင့်လှစ်ထားရှိ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ဧပြီလအတွင်း အပူချိန်မြင့်တက်လာသည့်အတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် မြို့ပေါ်ရပ်ကွက်/ကျေးရွာရှိ ဒေသခံပြည်သူများ မိမိတို့နေအိမ်များ၌ နေထိုင်ရန်ခက်ခဲပြီး အပူဒဏ်ကိုတိမ်းရှောင်ရန် လိုအပ်မည့်သူများ၊ သက်ကြီးဘိုးဘွားများအား အပူရှောင်စခန်းများတွင် လာရောက် နားခိုနိုင်ရေးနှင့် အပူဒဏ်အန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အပူရှောင်စခန်းများကို ဧပြီလ ၂ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ကာ ယနေ့ ဒုတိယနေ့အဖြစ် ဆက်လက်ဖွင့်လှစ်ထားရှိခဲ့သည်။

ကျောက်ကြီးမြို့နယ်၌ အန္တရာယ်ဖြစ်နိုင်ခြေသိရှိသတိပြုခြင်း ဘေးကင်းစွာပြုမူနေထိုင်ခြင်းနေ့ အထိမ်းအမှတ် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ ယနေ့နံနက် ၇ နာရီအချိန်က မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဌာနနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC) တို့၏ပံ့ပိုးမှုဖြင့် ကျောက်ကြီးမြို့ မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး ခြံဝန်း အတွင်းနှင့် မြို့မစည်ပင်သာယာစျေး အတွင်း/အပြင်တို့တွင် အန္တရာယ်ဖြစ်နိုင်ခြေ သိရှိသတိပြုခြင်း ဘေးကင်းစွာပြုမူနေထိုင်ခြင်းနေ့ အထိမ်း အမှတ် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
Subscribe to