မြိတ်မြို့တွင် မဲဆန္ဒရှင်ပြည်သူအားလုံး ဆန္ဒမဲပေးနိုင်ရေးအတွက် အသိပေးနှိုးဆော်သည့် “ဒို့အတူတူမဲပေးကြမယ်” မြေစိုက်ပိုစတာ စိုက်ထူပြီး အသိပညာပေး လက်ကမ်းစာစောင်ဝေငှ
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ဒီဇင်ဘာ(၂၈)ရက်နေ့၌ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူများအားလုံး ဆန္ဒမဲပေးနိုင်ရေးအတွက် အသိပေးနှိုးဆော်သည့် “ဒို့အတူတူမဲပေးကြမယ်” မြေစိုက်ပိုစတာ(၃)ခုကို လူစည်ကားရာ နေရာများဖြစ်သည့် ကမ်းနားလမ်း ပုလဲရတနာခန်းမအရှေ့၊ မြန်မာ့စီးပွားရေး ဘဏ်အရှေ့နှင့် ဂေါက်ကွင်းလမ်းဆုံမီးပွိုင့် ပုလဲမွန်ဟိုတယ်အရှေ့တို့တွင် ယနေ့နံနက်ပိုင်းက စိုက်ထူခဲ့ကြသည်။