ဒိုက်ဦး ဩဂုတ်၂၄
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးမျိုးမြင့်နှင့် ဝန်ထမ်းများသည် ယမန်နေ့နံက်ပိုင်းက ဒိုက်ဦးမြို့မြို့မစျေးအပြင်တန်းရှိ ကုန်မျိုးစုံရောင်းချနေသောဆိုင်များရှိ အာဟာရဖြည့်စွက်စာအမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားမျာအား မြန်မာဘာသာဖြင့်ဖော်ပြထားမှုရှိ/မရှိစျေးကွက်စောင့်ကြည့်စစ်ဆေး ဆောင်ရွက်ခဲ့သည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာသို့ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)