ရပ်စောက်မြို့ သမဝါယမအသင်းစုလီမိတက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ

ရပ်စောက် ဩဂုတ်၂

ရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်မြို့နယ်သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို မန်နေ့နံနက်၁၀နာရီက ရဿဝတီခန်းမ၌ ကျင်းပသည်။

ဦးစွာ အစည်းအဝေးတွင် မြို့နယ်သမဝါယမအသင်းစုလီမိတက်ဥက္ကဌ၊ အစည်းအဝေးသဘာပတိဦးအောင်သန်းက အဖွင့်အမှားစကားပြောကြားပြီး ရှမ်းပြည်နယ်တောင်ပိုင်း/အရှေ့ပိုင်း သမဝါယမအသင်းစုချုပ် ဒုတိယဥက္ကဌ၊ ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိတို့က အမှာစကားများ အသီးသီးပြောကြားခဲ့ကြသည်။ 

ဆက်လက်၍ အစည်းအဝေးပြုလုပ်သောဘဏ္ဍာနှစ်များအတွက် ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းအစီရင်ခံစာ၊ ဘဏ္ဍာရေးနှစ် နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းများ၊ အမြတ်ခွဲဝေမှုစာရင်းများ၊ ရှေ့လုပ်ငန်းစဉ် များ၊ အသင်းစာရင်းစစ်အဖွဲ့အစီရင်ခံစာများကို တာဝန်ရှိသူများက ဖတ်ကြားတင်ပြကြပြီးနောက် ဒါရိုက်တာအဖွဲ့၏ အစီရင်ခံစာ၊ နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းများ၊ အမြတ်ခွဲဝေမှုစာရင်း၊ ရှေ့လုပ်ငန်းစဉ်များနှင့် အသင်းစာရင်းစစ်အစီရင်ခံစာများကို အတည်ပြုခြင်း၊ အသင်းစည်းကမ်းများကို ပြင်ဆင်ဖြည့်စွက်ခြင်း၊ အသင်းသားများ၏ အကြံပေးမေးမြန်းချက်များအား ပြန်လည်ဖြေကြားရှင်းလင်းချက်များကို ဆောင်ရွက်ခဲ့ကြသည်။

ရပ်စောက်မြို့နယ် သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် အရပ်ရပ်ဆိုင်ရာအစည်းအဝေးတွင် အမှာစာ(၁၂)ရပ်ကို အတည်ပြုချမှတ်နိုင်ခဲ့ကြောင်း သိရှိရသည်။

ဆုမွန်