တန့်ယန်း စက်တင်ဘာ ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ် နေမိန္ဓရကုန်းတော်၌ တည်ထားသည့် အောင်တော်မူစေတီတော်ကြီးတွင် ဝါခေါင်လပြည့်မေတ္တာအခါတော်နေ့အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက်၉နာရီက စေတီတော်လှိုဏ်အတွင်း၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး သြဝါဒါစရိယ ကိုင်းကုန်း ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယကဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကုသလထံမှ ဧည့်ပရိတ်သတ်အပေါင်းက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး အစီအစဉ်အတိုင်း ကျင်းပရာ ဝတ်အသင်းအဖွဲ့များ၊ စေတနာရှင်ပြည်သူများ တက်ရောက်ပူဇော်ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)